Preview

နော်ဝေးဗလီပစ်ခတ်မှု တစ်ဦးဒဏ်ရာရ၊ သံသယရှိသူ ဖမ်းဆီးခံရ

သြဂုတ် ၁၂/ ၂၀၁၉ | ကြည့်ရှုသူ :5482
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ သြဂုတ်၁၂/ ၂၀၁၉

လက်နက်မျိုးစုံကိုင်ဆောင်ထားသည့် သေနတ်သမားတစ်ဦးသည် လွန်ခဲ့သည့် စနေနေ့က အော်စလိုမြို့အနီးရှိ ဗလီတစ်ခုအား ပစ်ခတ်ခဲ့သဖြင့် တစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။ 

၎င်းသေနတ်သမားအား ဘုရားရှိခိုးသူ လူကြီးတစ်ဦးမှ အင်အားသုံးပြီး မဖမ်းဆီးမီ လူတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု နော်ဝေးရဲနှင့် မျက်မြင်များက ပြောကြားသည်။

၎င်းတိုက်ခိုက်မှု ဖြစ်ပွားပြီး နာရီပိုင်း အကြာတွင် သံသယရှိသူ သေနတ်သမားနှင့် ဆက်နွယ်သည်ဟု ယူဆရသည့် အမျိုးသမီးငယ် တစ်ဦး၏ အလောင်းအား မြို့ဆင်ခြေဖုံး Baerum အရပ်၏ နေအိမ်တစ်လုံးတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း Baerum အရပ်၌ နံနက် အစောကြီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မူခင်းစစ်ဆေးသူများမှ အမျိုးသမီး သေဆုံးမှုကို မသင်္ကာဖွယ်ရာ အဖြစ် ယူဆထားသည်။

တိုက်ခိုက်ခံရသည့် ဗလီ၏ တာဝန်ရှိသူက တိုက်ခိုက်သူမှာ လူဖြူ လူငယ် တစ်ဦးဖြစ်ပြီး အနက်ရောင် အင်္ကျီကို ဝတ်ဆင်ထားကာ သံခမောက် ဦးထုပ်ကို ဆောင်းပြီး ကျည်ကာ ကိုယ်ကျပ်အကျီ်ကို ဝတ်ဆင်ထားသည်ဟု ပြောသည်။ 

တိုက်ခိုက်ခံ၇ချိန်တွင် ဗလီအတွင်း၌ လူ ၃ ဦးသာရှိကြောင်း သိ၇သည်။ 

နော်ဝေးနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဇူလိူင်လ အတွင်းကလည်း လက်ယာစွန်း လူဖြူ အမျိုးသား တစ်ဦးပစ်ခတ်မှုကြောင့် လူပေါင်း ရ၇ ဦးသေဆုံးခဲ့ဖူးသည်။

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.