သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အိန္ဒိယမုတ်သုန်မိုးရေကြီးမူ လူပေါင်း၂ဝဝ ကျော်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8.8k

နိရဥ္စရာ၊ သြဂုတ် ၁၄/၂ဝ၁၉

အိန္ဒိယနိုင်ငံတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး မုတ်သုန်ရေကြီးမှုကြောင့် နိုင်ငံ၏ အနောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကမ်းရိုးတန်းဒေသများတွင် သေဆုံးသူ အရေအတွက်မှာ အင်္ဂါနေ့ထိ ၂ဝ၂ ဦးထိ မြင့်တက်လာသည်ဟု သတင်းရရှိသည်။

အိန္ဒိယအာဏာပိုင်များအနေဖြင့် လူပေါင်း ၁ ဒသမ ၂ သန်းကို ကယ်ဆယ်ရေးစခန်းများသို့ အရေးပေါ် ရွှေ့ပြောင်းထားပြီးဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံး နေရာဒေသ တစ်ခုဖြစ်သည့် နိုင်ငံ၏ တောင်ပိုင်း ကီရာလာ ( Kelara) တွင် ရေကြီးမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး လွန်ခဲ့သည့်နှစ်ကလည် ဆယ်စုနှစ် တစ်ခုအကြား ဆိုးရွားသော ရေကြီးမှုတွင် ၎င်းဒေသ၌  လူပေါင်း ၄၅ဝ သေဆုံးခဲ့သည်။

“ သေဆုံးသူ အရေအတွက် ၈၈ ဦးထိ တိုးလာပြီး လူပေါင်း ၄ဝ ကေ ပျောက်ဆုံးနေပါတယ်” ဟု ကီလာရာ ဒေသ ရဲတပ်ဖွဲ့ ပြောခွင့်ရသူ အရာရှိက ပြောကြားသည်။

ရေကြီးနေသော  Wayanad, Malappuram နှင့် Kozhikode ဒေသများ အပါအဝင် ဆိုးရွားစွာထိခိုက်နေသော ကီလာရာ ပြည်နယ်အဝှန်းမှ လူပေါင်း နှစ်သိန်းငါးသောင်း အထက်ရှိ ပြည်သူများကို ကယ်ဆယ်ရး စခန်းများကို ရွှေ့ပြောင်းထားသည်ဟု လည်း ပြောဆိုသည်။

တစ်ခြား အိမ်နီးချင်းပြည်နယ် တစ်ခုဖြစ်သည့် Karnataka တွင်လည်း အနည်းဆုံး လူပေါင်း ၄၈ ဦး သေဆုံးခဲ့သည်။ ၎င်းပြည်နယ်တွင် လူပေါင်း ၁၆ ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေဆဲဟု ဆိုသည်။ သို့သော်လည်း မိုးတန့်သွားသဖြင့် အခြေအနေမှာ တိုးတက်ကောင်းမွန်လာသည်ဟု သတင်းတွင် ဖော်ပြသည်။

လူပေါင်း ၆၇၇ဝဝဝ ခန့်ကို လွန်ခဲ့သော ရက်အနည်းငယ်က ကယ်ဆယ်ခဲ့ရပြီး ရေအမြင့်မှာ လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း စတင်ကျနိုင်ကြောင်း အရာရှိ တစ်ဦးက ပြောသည်။

ဒေသဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ကုန်းတပ်၊ ရေတပ်၊ လေတပ်များကို ပျောက်ဆုံးနေသူများကို ရှာဖွေကယ်တင်ရန် ရိက္ခာများ ဖြန့်ဝေရန်အတွက် တပ်ဖြန့်ချထားသည်ဟု ဆိုသည်။ အိန္ဒိယ မီဒီယာများ၏ သတင်းဖော်ပြချက်အရ နိုင်ငံ၏ အနောက်ပိုင်း ပြည်နယ်များဖြစ်ကြသည့်  Gujarat and Maharashtra တွင် လူပေါင်း ၆၆ ဦးသေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာကို အဆိုပါ ရေကြီးဒေသများမှ ကယ်တင်ခဲ့ရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ