ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်သို့တင်ပို့သည့် မြန်မာ့ယာဘားစိတ်ကြွဆေးပြား မှောင်ခိုလမ်းကြောင်းသစ်ဖွင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 980

နိရဥ္စရာ၊ သြဂုတ် ၂၂/ ၂ဝ၁၉

အန္ဒိယမှောင်ခိုဂိုဏ်းအများအပြားသည် မြန်မာနိုင်ငံမှ တရားမဝင် ထုတ်လုပ်သည့် ယာဘားစိတ်ကြွဆေးပြားများကို မှောင်ခို်သယ်ယူပြီး နောက်ပိုင်းတွင် ၎င်းဆေးပြားများကို ဘင်္ဂလာဒေ့ရှ်သို့ တင်သွင်းနေကြသည်ဟု ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် ဖော်ပြသော သတင်းအရ သိရသည်။

လမ်းကြောင်းသစ်ဖွင့် တင်သွင်းနေမှုကို ပထမဆုံးအကြိမ် အိန္ဒိယနိုင်ငံသား တစ်ဦးကို ယာဘားဆေးပြားများနှင့် အတူ ဖမ်းဆီးရမိပြီးနောက် ဒက္ကားမြို့တော် ရဲထောက်လှမ်းရေးတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြားလိုက်သည်။

ဘင်္ဂလာဒေ့ရှ်ရဲထောက်လှမ်းရေး အရာရှိ တစ်ဦး၏ ထုတ်ဖော်ပြောကြားချက်အရ ယာဘားရောင်းဝယ်မှုနှင့် ဆက်စပ်သည့် အမှု ၂ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ၎င်းအမှုတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်လာပြီး ဒေသခံမူးယစ်ဂိုဏ်းများအား ယာဘားဆေးပြားရောင်းချရန် ဆက်သွယ်သည့် အိန္ဒိယနိုင်ငံသား ၂ဦးကို ဖမ်းဆီးမိရာမှ ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ယခုလ ၉ ရက်နေ့က အသက်၃၄ နှစ်အရွယ် အိန္ဒိယနိုင်ငံသား Md Abdus Sabur ကို ယာဘား မှောင်ခိုရောင်းဝယ်သူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၂ ဦးနှင့် ဖမ်းဆီးမိခဲ့ကြောင်း၊ ၎င်းတို့ထံမှ  ယာဘားစိတ်ကြွဆေးပြား ၁ဝဝဝဝကို ရှာဖွေ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘင်္ဂလာရဲကိုကိုးကားပြီး သတင်းတွင် ဖော်ပြသည်။

ယာဘား မှောင်ခိုသမားများသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ ယာဘား မှောင်ခို အဝင်တံခါးပေါက် အဖြစ် လူသိများသည့် တက်ကနက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပြင်းပြင်းထန်ထန် စောင့်ကြည့် စစ်ဆေးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် တက်ကနက်ကို ရှောင်ကွင်းပြီး လမ်းကြောင်းသစ်ကို ပြောင်းလဲ အသုံးပြုလာကြောင်း သတင်းတွင် ဖော်ပြသည်။

အိန္ဒိယ မှောင်ခိုဂိုဏ်းများသည် ယခုအခါ Kurigram’s Rowmari နယ်စပ်လမ်းကြောင်းကို လမ်းကြောင်းအသစ်အဖြစ် အသုံးပြုပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်းသို့ ယာဘာစိတ်ကြွဆေးပြားများကို တင်သွင်းနေသည်ဟု ဆိုသည်။


မြန်မာမှ ယာဘားစိတ်ကြွများကို စုဆောင်းပြီး အာသံပြည်နယ်သို့ တရိပူရ တစ်ဆင့်ပို့ဆောင်ပြီး ၎င်းနောက် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တင်ပို့ကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။


(Ref: Indian gangs smuggling yaba into Bangladesh)

ဆက်စပ် သတင်းများ