Preview

လူပေါင်း ၁သန်း ၉ သိန်းကျော် အိန္ဒိယနိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံရ

စက်တင်ဘာ ၀၁/ ၂၀၁၉ | ကြည့်ရှုသူ :8360
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ စက်တင်ဘာ ၁/၂၀၁၉

အိန္ဒိယနိုင်ငံတွင် လူပေါင်း ၁ သန်း ၉ သိန်းကျော်ကို နိုင်ငံသားစာရင်းမှ ပယ်ဖျက်လိုက်သည်ဟု အိန္ဒိယ အရှေ့မြောက် အာသံပြည်နယ် အစိုး၇မှ သတင်းထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံတွင်းသို့ မူဆလင်အများစုနေထိုင်ရာ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများ ခိုးဝင်မှုကို ကြီးမားရှည်ကြာသော စီမံကိန်းချမှတ် စိစစ်ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ကြေညာချက် ထွက်လာခြင်း ဖြစ်သည်။ 

အိန္ဒိယနိုင်ငံရဲ့အဆင်းရဲဆုံးပြည်နယ်များထဲကတစ်ခုဖြစ်သည် အာသံပြည်နယ်တွင် ပြင်ပမှ တရားမဝင် အခြေချနေထိုင်သူများ အပေါ် ဆန့်ကျင် မကျေနပ်သည့် မခံမရပ်နိုင်မှု ဒေါသမှာ တအုံနွေးနွေးဖြင့် နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပြီး ၎င်းတို့မှာ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်မှ ဝင်ရောက်လာသူများဖြစ်ကာ ဒေသခံများ၏ အလုပ်အကိုင်နှင့် မြေယာများကို ခိုးယူနေသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံသားအသိအမှတ်ပြုကဒ် လျှောက်လွှာတင်သူ ၃ ကုဋေကျော် (၃၃၀၂၇၆၆၁) ထဲမှ လူပေါင်း ၁၉၀၆၆၅၇ ကို နိုင်ငံသားစာရင်းမှ ဖယ်ထုတ်လိုက်သည်ဟု အာသံပြည်နယ် ပြည်နယ် အမျိုးသားမှတ်ပုံ ညှိနိုင်းရေးမှူးရုံးက စနေနေ့က သတင်းထုတ်ပြန်သည်။

နိုင်ငံသားအဖြစ်မှာ ပယ်ဖျက်ခံရသူများမှာ ဟိန္ဒူနှင့် မူဆလင်များပါဝင်ပြီး အများစုမှာ မူဆလင်များ ဖြစ်ဖွယ်ရှိသည်ဟုဆိုသည်။

အများစုသည် ဗြိတိသျှ အစိုး၇လက်အောက် အိန္ဒိယနှင့် ပါကစ္စတန်ကို နှစ်နိုင်ငံပိုင်းခြားသတ်မှတ်စဉ်နှင့် ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာကြသူများ ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.