Preview

ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်း ကျေးရွာသားတစ်ဦးကို ဓါးဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိ

စက်တင်ဘာ ၀၁/ ၂၀၁၉ | ကြည့်ရှုသူ :3944
မှုခင်း သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၁/၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်အနီး ကုန်တန်းကျေးရွာမှ ရွာသားတစ်ဦးကို ဓါးဒဏ်ရာများဖြင့် ယနေ့ နံနက်ပိုင်းက သေဆုံးလျှက်တွေ့ရှိခဲ့၇ကြောင်း မိသားစုများက ပြောသည်။

ဒဏ်ရာများဖြင့် သေဆုံးသူမှာ ကုန်တန်းကျေးရွာမှ ဦးအောင်စိန်လှ(ခ)ကျားတောင်း (၅၂)နှစ်ဖြစ်ကြောင်းသိ၇သည်။

သေဆုံးသူမှာ လယ်ယာလုပ်ငန်းနှင့် ကွမ်းခြံလုပ်ငန်းလုပ်ကိုင်ကာ ကွမ်းခြံတွင် အမြဲညစောင့်အိပ်လေ့ရှိကြောင်း၊ ယနေ့နံနက် ၈နာရီခန့်က ၄င်း၏ ဇနီးဖြစ်သူမှာ ကွမ်းခြံသို့ သွားသည့် အချိန်တွင် တဲပေါ်၌ သေဆုံးလျှက် တွေ့ရှိခဲ့ရကြောင်း မိသားစုဝင်များက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သေဆုံးသွားသူနှင့် ညီအစ်ကိုတော်စပ်သူ ဦးအောင်နိုင်ချေက “သူက ကွမ်းခြံစောင့်ရင်းနဲ့ လယ်လုပ်ပါတယ်။ အဲ့ဒီမှာဘဲနေပါတယ်။ ရွာမြောက်ဘက် ၄ဖာလုံ ၅ဖာလုံလောက်ဘဲရှိမှာပါ။ အငူမော်- မောင်တော ကားလမ်းဘေးမှာပါ။ ကားလမ်းနဲ့ဆို အနောက်ဘက်ကျပါတယ်။ သူ့ကိုဘယ်သူသတ်သွားလဲ ဆိုတာကို မသိပါ။ သူမှာ ဘာရန်ငြိုး ရန်စလည်း မရှိပါဘူး” ဟုပြောသည်။

မည်သည့် အချိန်တွင် အသတ်ခံရပြီး သေဆုံးသွားသည်ကို မသိရကြောင်း၊ ခေါင်းနောက်စိ၊ ရင်ဘတ်၊ နောက်ကျောတွင် ဓားဖြင့် ထိုးသွင်းဒဏ်ရာဟု ယူဆရသည့် ဒဏ်ရာ ၃ချက်ဖြင့် တွေ့ရှိခဲ့ရကြောင်း၊ လက်ရှိတွင် အသတ်ခံရသူ၏ ရုပ်အလောင်းအား ရသေ့တောင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မိသားစုဝင်များပြောပြချက်အရ သိ၇သည်။

၎င်းအမှုနှင့် သက်ဆိုင်သည့် စေတီပြင်နယ်ခြားစောင့် စခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့သဖြင့် သေဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်ကို တင်ပြနိုင်ခြင်း မရှိပါ။ 

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.