English Edition
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေတွင် နေအိမ်တစ်လုံးအနုကြမ်းစီးခံရမှု သံသယရှိသူကို ဖမ်းဆီးစစ်ဆေးနေ
စက်တင်ဘာ ၀၂/ ၂၀၁၉ | ကြည့်ရှုသူ :8063
မှုခင်း သတင်း
မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ စက်တင်ဘာ ၂/၂၀၁၉
ရခိုင်ပြည်နယ် စစ်တွေမြို့လယ်ခေါင်တွင် ယမန်နေ့က နေအိမ်တစ်လုံး အနုကြမ်းစီးခံခဲ့ရမှုနှင့်ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ၇မန်ယူကာ စစ်ဆေးနေကြောင်း စစ်တွေအမှတ်(၂)ရဲစခန်းမှ သိရသည်။
သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူမှာ စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက် အကွက်(၂)မှ သန်းနိုင်ကြီး (ခ)မောင်သန်းနိုင်(၃၂ နှစ်)ဖြစ်ပြီး သူ့အား စစ်တွေမြို့နယ်တရားရုံးတွင် ၇မန်ယူကာ စစ်တွေအမှတ်(၂)ရဲစခန်း၌ စစ်ဆေးနေခြင်းဖြစ်သည်။
"သူက သင်္ဘောဆိပ်မှာ ကုန်တင်ကုန်ချလုပ်တယ်လို့ ပြောတယ်။ သူ့တပည့်တွေပြောတာတော့ သူက အရင်ကလည်း ခိုးတတ်တဲ့အကျင့်ရှိတယ်လို့ ပြောတယ်။ အခုတော့ ကျနော်တို့ စစ်ဆေးနေတုန်းပါပဲ"ဟု စစ်တွေအမှတ်(၂)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူအား CCTV မှတ်တမ်းအရ အခင်းဖြစ်ပွားခဲ့သည့် ယမန်နေ့ ညနေပိုင်းတွင် ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
"သူက တရားခံဖြစ်မယ်/မဖြစ်ဘူးတော့ မသိသေးဘူး။ သူ့အစ်မတွေရောက်လာပြီးပြောတာက ကျမတို့မောင်လေးက ဆေးပဲရှူတာ။ အဲလိုမလုပ်ဘူးလို့ ပြောတယ်"ဟု အခင်းဖြစ်ပွားခဲ့သည့် လမ်းမတော်တောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သိန်းက ပြောသည်။
စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက် အောင်ဇံဝေလမ်းသွယ်ရှိ နေအိမ်တစ်လုံးမှ အိမ်ပိုင်ရှင် ဒေါ်တင်တင်သိန်း (၄၅ နှစ်)သည် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၅ နာရီခန့်က ဆွမ်းချက်နေစဉ် မိုးကာအင်္ကျီ အရှည် ခေါင်းမှ ဝတ်ဆင်ထားသည့်လူတစ်ဦးက နေအိမ်အတွင်းဝင်ရောက်ကာ ဒေါ်တင်တင်သိန်းအား ရိုက်နှက်ပြီး ၃ ကျပ်သားရှိ ဆွဲကြိုးတစ်ပင်၊ ၂ ကျပ်သားရှိ လက်ကောက်တစ်ကွင်းနှင့် ၅ မူးသားရှိ လက်စွပ်တစ်ကွင်းတို့ကို လုယူသွားကြောင်း သိရသည်။
ရိုက်နှက်ခံခဲ့ရသည့်အတွက် ဒေါ်တင်တင်သိန်းမှာ နောက်စေ့နှင့် မျက်နှာတစ်ခုလုံးတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့်အတွက် စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိရာ ယနေ့တွင် အနည်းငယ် သက်သာစပြုလုပ်ပြီဟုလည်း သိရသည်။
#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.