Preview

ဆေးကုသခွင့်မရရှိခဲ့၍စစ်တွေအကျဉ်းထောင်တွင် သားဖြစ်သူသေဆုံးဟုမိခင်ဖြစ်သူပြော

စက်တင်ဘာ ၀၄/ ၂၀၁၉ | ကြည့်ရှုသူ :3207
မှုခင်း သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၄/၂၀၁၉

စစ်တွေ အကျဉ်းထောင်မှ အကျဉ်းကျနေသည့် ထောင်သားတစ်ဦး ဆေးကုသခွင့်မရရှိသဖြင့် သေဆုံးသွားခဲ့သည်ဟု မိခင်ဖြစ်သူက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်ဖြူနုမေက “ကျမသားလေး မသေသင့်ဘဲ သေရပါတယ်။ ဆေးကုခွင့်သာရခဲ့ရင် မသေနိုင်သေးပါဘူး။ သူနေမကောင်းတာ လတစ်ဝက်လောက်ရှိနေပါပြီ။ အဲဒီအချိန်ကတည်းက ထောင်ဆရာဝန်ကို သွားပြောပါတယ်။ ကျမတို့ကို စိတ်ကိုအေးဆေးထားပါတဲ့ ဆရာဝန်ကပြောလိုက်ပါတယ်။ အခု ကျမသားလေး သေပါပြီ။ ဝမ်းနည်းပါတယ်ရှင်။ ကျမတို့က ဆင်းရဲသားတွေပါ။ သေသွားလည်း ဘာမှအမူဖွင့်ဆောင်ရွက်မှာတွေ မလုပ်နိုင်ပါဘူး။ မတရားသေရတာပါရှင်”ဟု ပြောသည်။

အဆိုပါ သေဆုံးသူမှာ ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ ဦးထွန်းနိုင်ကျော်( ၃၂)နှစ်ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲတွင် စစ်တွေ ဆေးရုံကြီး၌သေဆုံးသွားကြောင်း မိသားစုဝင် များကပြောသည်။

သေ ဆုံးသွားသူသည် ၂၀၁၅ ခုနစ် ဒီဇင်ဘာလက လူသတ်မူဖြင့်စစ်တွေ အကျဉ်းထောင်တွင်  ထောင်ဒဏ် ၉နှစ် ကျခံနေရသော အကျဉ်းကျခံနေ၇သူဖြစ်သည်။

သေဆုံးသူအား စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့ နံနက် ၁၁ နာရီခန့်က ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခြင်းဖြစ်ပြီး ယခုကိစ္စနှင့်ပတ်သက်ပြီး အကျဉ်းထောင်မှ တစ်စုံတရာ ပြောဆိုလာခြင်းမရှိကြောင်း မိသားစုဝင်များကပြောသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး စုံစမ်းမေးမြန်းရနု် နိရဥ္စရာ သတင်းဌာနမှ စစ်တွေ အကျဉ်းထောင်သို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မူမရရှိခဲ့ပါ။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.