Preview

ဂွမြို့တွင် သက်ကြီးရွယ်အိုတစ်ဦး ရေတွင်းထဲ ပြုတ်ကျ သေဆုံး

စက်တင်ဘာ ၀၄/ ၂၀၁၉ | ကြည့်ရှုသူ :3308
မှုခင်း သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၄/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် သက်ကြီးရွယ်အိုတစ် ဦး ရေတွင်းထဲ ပြုတ်ကျ၍ သေဆုံးကြောင်း သတင်းရရှိသည်။
သေဆုံး သွားသူမှာ ဂွမြို့၊ ရွာမရပ်ကွက်၊ မြို့မလမ်းနေ ဦးတင်အောင် (၇၉) နှစ်ဖြစ်သည်။

ဦးတင်အောင်သည် ယနေ့  နံနက် ၅ နာရီခန့်တွင် ရေတွင်းထဲ၌ ပြုတ်ကျ၍ သေဆုံးနေကြောင်း ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဦးစိုးလှိုင်က “သူက ရေသွားတင်တာပါ။ ရေတွင်းထဲက ပိုက်နဲ့ အိမ်တွေကို ရေတင်ရတယ်လေ။ အဲဒီလို ရေသွားတင်တာ။ အသက်ကကြီးနေပြီဆိုတော့ သိပ်မခိုင်တော့တာနဲ့ ရေတွင်းထဲ ပြုတ်ကျတာပါ။”ဟု ပြောသည်။

ဦးတင်အောင်အား သမီးဖြစ်သူက ရေတွင်းထဲသို့ ပြုတ်ကျနေသည်ကို တွေ့၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားများအား ခေါ်ကာ အလောင်းအား  ရေတွင်းမှ ဆယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

“သူက အမြဲလိုလို မနက်အစောကြီးထပြီး  ရေတင်လေ့ရှိပါတယ်။ သူ့သမီးသိလို့  ခေါ်တဲ့အချိန်မှာ  အလောင်းက နည်းနည်းမာနေပြီ။ သူက ခန့်မှန်းရရင် မနက် ၂ နာရီလောက်ကတည်းက သေနေတာလို့ ထင်ပါတယ်။”ဟု သူက ဆက်ပြောသည်။
သေဆုံးသွားသူ  ဦးတင်အောင်မှာ သွေးတိုးရောဂါလည်း ရှိကြောင်း သိ၇သည်။

သေဆုံးသူ အလောင်းအား ဂွမြို့နာရေးကူညီမှုအသင်းက ဂွမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံမှ ဆေးစစ်ဆေးချက်များယူကာ အလောင်းအား အိမ်သို့ ယူဆောင်လာခဲ့ကြောင်း သိ၇သည်။

ဦးတင်အောင်သည် ယခင် ရသေ့တောင်မြို့နယ် ပါတီ ယူနစ်ဥက္ကဋ္ဌဟောင်းအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ်ဒေသပါတီ ကော်မတီဝင်အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.