Preview

စစ်တွေမြို့မဈေးကြီး ခေါင်မိုးပြိုကျ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

စက်တင်ဘာ ၀၄/ ၂၀၁၉ | ကြည့်ရှုသူ :1594
မှုခင်း သတင်း

နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာ ၄/၂၀၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေးကြီးတွင် ခေါင်မိုးပြိုကျသွားသည့်အတွက် အမျိုးသမီးတစ်ဦး ဒဏ်ရာရ၍ ဆေးရုံတင်ထားရသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသူမှာ စစ်တြွေမို့မဈေးကြီးတွင်  ငါးရောင်းနေသော ဈေးသည် ဒေါ်ချိုချို (၃၅ နှစ်) ဖြစ်ပြီး  စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ခွဲခန့်က ဈေးရောင်းနေချိန်တွင် ငါးရောင်းသည့်အဆောင် ခေါင်မိုးပြိုကျလာ၍ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

“ကျမဈေးရောင်းနေတဲ့အချိန် ခေါင်မိုးပြိုကျလာတယ်။ ကံကောင်းလို့မသေတာ။ ကျမသတိမေ့သွားတယ်။ ဈေးကလူတွေက ဆေးရုံပို့ပေးတာ။”ဟု ဒဏ်ရာရသွားသူ ဒေါ်ချိုချိုက နိရဥ္စရာသတင်းဌာနကို ပြောသည်။

ယခုကဲ့သို့ ဈေးခေါင်မိုးပြိုကျသွားသည့်အတွက် ဒေါ်ချိုချို၏ဝမ်းဗိုက်တွင် ဒဏ်ရာရသွားပြီး အဆိုပါဒဏ်ရာကြောင့် ယနေ့အထိ ထမင်းမစားနိုင်သေးဘဲ စက်တင်ဘာ ၅ ရက်နေ့တွင် ဝမ်းဗိုက်အား ဓာတ်မှန် ရိုက်ရန် ပြင်ဆင်နေကြောင်းလည်း သိ၇သည်။
အဆိုပါဈေးခေါင်မိုး ပြိုမကျခင် ၁၀ ရက်အလိုကလည်း ဈေးခေါင်မိုးအား ပြုပြင်ပေးရန် မြို့မဈေးအား ကြီးကြပ်ပေးနေသည့် စည်ပင်ဝန်ထမ်းများကို တင်ပြခဲ့သော်လည်း လာရောက်ပြင်ဆင်ပေးမှုမရှိခဲ့ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးကျော်မိုးက “ဈေးကလည်း ဟောင်းနေပြီ။ ဈေးက ပင်လယ်နဲ့လည်းနီးတော့ လေဒဏ်၊ မိုးဒဏ် အမျိုးမျိုးခံရတော့ ခေါင်မိုးကပြိုကျလာတာဖြစ်တယ်။ ကျနော်တို့ဆီကိုတော့ တင်ပြတာတွေမရှိဘူး။ သူတို့ ဘယ်သူ့ဆီကို တင်ပြလဲတော့ ကျနော်တို့လည်း မသိဘူး။ သူတို့က ကျနော့်တို့ဆီကို တင်ပြလာရင်တော့ ကျနော်တို့ အချိန်မီလုပ်ပေးပါတယ်။”ဟု နိရဥ္စရာသတင်းဌာနအား ပြောသည်။

စစ်တွေမြို့မဈေးကြီးကို ၁၉၅၆ ခုနှစ်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဈေးသက်တမ်းမှာနှစ်ပေါင်း ၆၀ ကျော်ကြာမြင့်နေပြီဖြစ်သည်။  လက်ရှိအချိန်တွင် အဆိုပါဈေးမှာ ဟောင်းနွမ်းပျက်စီးလာနေပြီး ဈေးအင်္ဂါရပ်နှင့်မညီသည့်အတွက် ဈေးကို ပိုမိုခိုင်မာအောင်တည်ဆောက်ပေးစေလိုသည်ဟု ဈေးသည်များက တောင်းဆိုနေကြသည်

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.