Preview

မောင်တော ကျောက်ပန္ဒူပင်ကမ်းခြေတွင် ပုတ်ပွသေဆုံးနေသည့် ကျွဲနွားကောင်ရေ ၅၀ခန့်နှင့်အတူ ဘုတ်တစ်စီးတွေ့ရှိ

စက်တင်ဘာ ၀၄/ ၂၀၁၉ | ကြည့်ရှုသူ :3116
မှုခင်း သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၄/၂၀၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူပင်ကမ်းခြေတွင် ပုတ်ပွသေဆုံးနေသည့် ကျွဲနွားကောင်ရေ ၅၀ ခန့်ကို ဘုတ်တစ်စီးနှင့် တွေ့ရှိရကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ ၄ ရက် နေ့ နံနက် ၈ နာရီခန့်က ကျောက်ပန္ဒူကမ်းခြေတွင် ဘုတ်တစ်စီးဖြင့် ကျွဲသေ၊ နွားသေများ ခန့်မှန်းကောင်ရေ ၅၀ ကျော်အား တွေ့ရှိခဲ့ရပြီး ဒေသခံကျေးရွာသားများနှင့် အာဏာပိုင်များက သွားရောက်မီးရှို့လိုက်ရကြောင်း ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဘုက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

“အကောင် ၅၀လောက်ရှိပါတယ်။ လောက်ကျပြီးပုတ်နေပြီ။ ကျနော်တို့ ရွာနားမှာကပ်နေတော့ အနံ့ထွက်ရင် ကျေးရွာသားတွေ အန္တာရာယ်ဖြစ်မှာစိုးရိမ်၇ပါတယ်။ ကျွဲတွေ နွားတွေတင်ထားတဲ့ ဘုတ်က ကျနော်တို့ ကမ်းခြေက ဘုတ်တွေထက် ကြီးတယ်။ အဲ့ဒီဘုတ်က ဘယ်ကလာတဲ့ဘုတ်လဲ မသိဘူး” ဟုဦးမောင်ဘုက ပြောသည်။

ဘုတ်ပေါ်တွင်ထိုသို့ ပုတ်ပွနေသည့် ကျွဲသေ နွားသေများအား ထိုနေရာတွင်ထားရှိလျှင် ဒေသခံများအတွက် အန္တာရာယ်ဖြစ်မည်ကို စိုးရိမ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒေသအာဏာပိုင်များအား အသိပေးပြီး ကျေးရွာသားများနှင့် သွားရောက်မီးရှို့ခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဘုတ်ပေါ်တွင် သေလျှက် ပုတ်ပွနေသည့် အဆိုပါ ကျွဲနွားများမှာ ပြည်တွင်းက ဟု ယူဆရကြောင်း၊ မည်သည့်ဘက်မှ မျောပါလာသည်ကို မသိ၇ကြောင်း၊ ပင်လယ်ထဲတွင်မျောနေသည်မှာ ၄ ရက် ၅ရက်ခန့် ကြာနေပြီဟု ယူဆ၇ကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ် မေလ ၂၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့ မလကျွန်းကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် သောင်တင်နေသည့် စက်လှေတစ်စီးပေါ်တွင် နွားကောင်ရေ ၅၀ ကျော်ကို ပုတ်ပွသေဆုံးနေလျှက်တွေ့ရှိခဲ့ကြောင်း သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.