Preview

မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြား ၄သိန်းကျော် ဖမ်းဆီးရမိ

စက်တင်ဘာ ၀၇/ ၂၀၁၉ | ကြည့်ရှုသူ :561
မှုခင်း သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၇/၂၀၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လသာကျေးရွာမှ စက်တင်ဘာ ၆ ရက်နေ့ ညဉ့် ၁၀ နာရီခန့်တွင် စိတ်ကြွဆေးပြား ၄၅၄၆၇၀ ပြားအား ဖမ်းဆီးရမိကြောင်းသိ၇သည်။

မောင်တောမြို့နယ် မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ လသာကျေးရွာနေ ဆွေယောဒူယောင်း(၄၀)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွယ်ရာ မီးဖိုချောင်အတွင်း ထင်းပုံအောက် မြေကြီးထဲမှ ပလက်စတိတ်အိတ်ဖြင့်ထုတ်လျက်WY စိတ်ကြွဆေးပြား ၈၁၇၀ ပြားနှင့် အဆိုပါ နေအိမ်အရှေ့ဘက်ရှိ ၄င်း၏ သမီးတော်စပ်သူ မမီနာယာ(၂၂)နှစ် အိမ်အားဆက်လက် ရှာဖွယ်ရာ အိပ်ခန်းအတွင်း မြေကြီးထဲမှ ဆာလာအိတ်၂အိတ်ဖြင့်ထည့်လျက် WY စိတ်ကြွဆေးပြား ၄၄၆၅၀၀ ပြားတို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိ၇သည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ မောင်တောမြို့မရဲစခန်းမှ တာဝန်ရှိသူအာ နိရဥ္စရာ သတင်းဌာနမှမေးမြန်းရာ ၎င်းက “ဖမ်းဆီး ရရှိတာဟုတ်ပါတယ်။ သူတို့က တစ်ဖွဲ့တည်းလို့ပြောလို့ရပါတယ်။ သားအဖတော်စပ်တယ်လို့သိ၇တယ်။ ဆေးပြားက စုစုပေါင်း  ၄သိန်းကျော်ဆိုတော့ အတော်များများဖမ်းမိတာပါ။ ကျနော်တို့ရဲတပ်ဖွဲ့က အမှုဖွင့် ဆောင်ရွက်နေပါတယ်” ဟုပြောသည်။

ဆက်လက်၍ စစ်ဆေးပေါ်ပေါက်ချက် အရ အပေါင်းအပါများ ဖြစ်ကြသော ပစ္စည်းပိုင်ရှင် င်္ဆီရာဇူအီစ္စလာမ်(ခ) ကိုနို်င်(၄၀)နှစ်နှင့် ၄င်း၏ညီဖြစ်သူ ဖွေယော့ဇူအီစ္စလာမ်(၃၈)နှစ်တို့အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ စက်တင်လာလ ၆ ရက်ည ၁၁ နာရီတွင်၄င်းတို့၏ နေအိမ်တွင် င်္ဆီရာဇူအီစ္စလာမ်(ခ) ကိုနို်င်အား ဖမ်းဆီးရမိခဲ့ပြီး ဖွေယော့ဇူအီစ္စလာမ် မှာထွက်ပြေးလွတ်မြောက် သွားကြောင်းသိ၇သည်။

အဆိုပါ  တရားခံများဖြစ်သော ဆွေယောဒူယောင်းပါ ကျား(၃)ဦး (ဖမ်းမိ ၂၊ ဖမ်းမမိ ၁) တို့အား အမှုအားမောင်တောမြို့မ ရဲစခန်း မယ(ပ)၃၄/၂၀၁၉ ၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ ဖြင့် လည်းကောင်း၊ မမီနာယာအား မယ(ပ)၃၅/၂၀၁၉ ၊ မူး/စိတ် ပုဒ်မ ၁၉(က) တို့ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်းသိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.