Preview

ဘင်္ဂလာဒေ့ရှ်နိုင်ငံ အန်ဂျီအိုဂိုဒေါင်မှ ချွန်ထက်သောလက်နက် ၅၀၀၀ သိမ်းဆည်းရမိ

စက်တင်ဘာ ၁၀/ ၂၀၁၉ | ကြည့်ရှုသူ :6205
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၉/၂၀၁၉

မြန်မာမှ ထွက်ပြေးလာသည့် မူဆလင် ဒုက္ခသည်များကို ကူညီနေသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒေသအတွင်းက အန်ဂျီအိုတစ်ခု၏ ဂိုဒေါင်အတွင်းမှ ချွန်ထက်သော လက်နက် စုစုပေါင်း ၅၀၀၀ကို သိမ်းဆည်းရမိသည်ဟု ဘင်္ဂလာဒေ့ရှ် သတင်းဌာန တစ်ခုဖြစ်သော UNB မှ “ 5000 sharp weapons seized from NGO godown in Cox’s Bazar” ဖြင့် သတင်းဖော်ပြသည်။

၎င်းလက်နက်များကို ကော့စ်ဘဇားခရိုင်၊ အိုးကီးယားမြို့နယ်၊ Malbhitapara ရွာရှိ အန်ဂျီအိုဂိုဒေါင်မှ စက်တင်ဘာ ၅ ရက်နေ့တွင် ရဲက သတင်းအရ ဝင်ရောက်ရှာဖွေရာမှ သိမ်းဆည်းမိသည်ဟု သတင်းတွင် ဖော်ပြသည်။ (၎င်းအိုးကီးယားမြို့နယ်သည် မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး မောင်တောမြို့နယ်နှင့် ကပ်ရပ် တည်ရှိသည်။)

၎င်းအန်ဂျီအို၏ အမည်မှာ Shed ဖြစ်ပြီး ဒေသအတွင်းပြုလုပ်သည့် ချွန်ထက်သည့် လက်နက်များကို ဂုံနီအိတ် အလုံး ၂၀၊ ၂၅ လုံးတွင်ထည့်ပြီး သိမ်းဆည်းထားသည်ဟု ဆိုသည်။

အဆိုပါ သိမ်းဆည်းရမိသည့် လက်နက်များထဲတွင် ဓား၊ ဓားမြှောင်၊ လွှနှင့် တစ်ခြားချွန်ထက်သောလက်နက်များ ပါဝင်သည်ဟု သိ၇သည်။

စစ်ဆေးပြီးနောက် တရားဥပဒေနှင့် အညီ အရေးယူသွားမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူ တရားသူကြီးနှင့် လက်ထောက်ကော်မရှင်နာ Fakhrul က ပြောသည်။

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ စက်တင်ဘာ ၄ ရက်နေ့က အန်ဂျီအိုနှစ်ခု၏ လုပ်ငန်းများကို ဘင်္ဂလာဒေ့ရှ် အစိုးရက ရပ်တန့်လိုက်ကြောင်း၊ ၎င်း အန်ဂျီအို နှစ်ခုမှာ ADRA Bangladesh and Al-Markazul Islami ဖြစ်ကြောင်း၊ ၎င်းအန်ဂျီအို နှစ်ခုသည် လွန်ခဲ့သည့် သြဂုတ် ၂၅ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံမှ ပြန်လည် လက်ခံရေး အစီအစဉ်အား ဆန့်ကျင်ကန့်ကွက်သည့် ဒုက္ခသည်များ၏ လူစုဝေးပွဲအား ငွေကြေးထောက်ပံ့ပေးခဲ့သည် အန်ဂျီအို နှစ်ခုဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

သြဂုတ် ၂၅ ရက်နေ့က အိုကီးယားမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှ မူဆလင် ဒုက္ခသည်များ၏ စုရုံးပွဲတွင် နိုင်ငံတကာကို သူတို့ တောင်းဆိုသည့် အချက် (၅)ချက်ကို  လက်ခံလာအောင် မြန်မာနိုင်ငံအား ဖိအားပေးရန် တောင်းဆိုခဲ့ကြသည်။ ၎င်းတောင်းဆို ၅ချက်ထဲတွင်ပြန်လည်လက်ခံရေး၊ နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံတကာ ခုံရုံးတွင် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်သူများအား အရေးယူရေးစသည်တို့ ပါဝင်သည်။

လွန်ခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့ကလည်း ဒုက္ခသည်စခန်းတွင် အကူအညီပေးနေသည့် အန်ဂျီအို ၄၁ ခုသည် သူတို့၏ လုပ်ရပ်အမှားများကြောင့် လုပ်ငန်းအားလုံးကို ရပ်ဆိုင်းကာ နောက်ဆုတ်ထွက်ခွာသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။


#ဒုက္ခသည်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.