Preview

အမ်းမြို့နယ် ရူးစံပြကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

စက်တင်ဘာ ၁၄/ ၂၀၁၉ | ကြည့်ရှုသူ :5508
မှုခင်း သတင်း

မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ စက်တင်ဘာ ၁၄/၂၀၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရူးစံပြကျေးရွာတွင် ယနေ့ညနေပိုင်းက ဒေသခံအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိ၇သည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ရူးစံပြကျေးရွာရှိ အထကကျောင်းဘေးတွင်နေထိုင်သူ ဦးမျိုးနိုင် (၄၅ နှစ်ခန့်)ဖြစ်သည်။

သူသည် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ရ နာရီခွဲခန့်က မိသားစုနှင့်အတူ ထမင်းစားနေစဉ် သေနတ်သမားတစ်ဦးက အိမ်ထဲသို့ လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း အမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက နိရဥ္စရာကို ပြောသည်။

"ရ နာရီခွဲလောက်မှာ သူတို့ မိသားစု ထမင်းစားနေတဲ့အချိန် လက်နက်ကိုင်ထားတဲ့လူတစ်ယောက်က အဲလို လုပ်ကြံသွားခဲ့တာလို့ သိ၇ပါတယ်။ ပွဲချင်းသေတယ်လို့ ကြားပါတယ် "ဟု ဦးခင်မောင်ဌေးက ဆိုသည်။

ဦးမျိုးနိုင်မှာ သေနတ်ဖြင့်လုပ်ကြံခံရမှုကြောင့် သေဆုံးသွားခဲ့သော်လည်း သေနတ်ဒဏ်ရာမည်သည့်နှစ်ချက်ဖြင့် ထိမှန်သေဆုံး သွားသည်ဆိုသည်ကို ဒေသခံများနှင့် အဆက်အသွယ်မရရှိသေး၍ နိရဉ္စရာက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသူသည် ယခင်က ရူးကျေးရွာနှင့် ကျောက်ဖြူမြို့သို့ စက်လှေလိုင်းဆွဲခြင်းအလုပ်ကို လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ရူးကျေးရွာ၌ မွေးမြူရေးလုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိ၇သည်။

စက်တင်ဘာလ ၉ ရက်နေ့ညကလည်း အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ ဦးခိုင်ဆိုသူသည် သူ၏နေအိမ်တွင် မိသားစုနှင့်အတူ အိပ်နေစဉ် အမည်မသိသူတချို့က ဓားဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိ၇သည်။

ယင်းနေ့ညတွင်ပင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင်လည်း ကမ်းထောင်းကြီးမြို့ခံ ဦးညီညီထွေးနှင့် အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာမှ ဦးမောင်လုံးတို့နှစ်ဦးသည် ခေါင်းဖြတ်အသတ်ခံခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိ၇သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.