သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်ဘေးရှောင်စခန်းမှ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး တုတ်ကွေးဖြစ်၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.4k

နီမင်းထွန်း
နိရဥ္စရာ၊ စက်တင်ဘာလ၁၄ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နရမ်းရွာကြီးကျေးရွာ စစ်ဘေးရှောင် စခန်းတွင် အသက် ၃နှစ်အရွယ် စစ်ဘေးရှောင်ဒုက္ခသည် ကလေးတစ်ဦး တုတ်ကွေးရောဂါဖြင့် သေဆုံး သွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသော ကလေးသည် မင်းပြားမြို့နယ် လက်ခုတ်ကျေးရွာမှ စစ်ဘေးရှောင်လာသော ဦးထွန်းလင်း၏သမီး မဖြူဖြူချေ ဖြစ်သည်။ ၎င်းကလေးငယ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ညည့် ၁၂ နာရီအချိန်ခန့် မင်းပြားမြို့ပြည်သူ့ဆေးရုံးကြီးတွင် သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ နရမ်းကြီးကျေးရွာ စစ်ဘေးရှောင် စခန်းမှ စခန်းတာဝန်ခံ ဦးမောင်သာညွန့်က “စက်တင်ဘာ ၉ ရက်ကတည်းက ကလေး နေမကောင်းဖြစ်တာ။ အဲဒီနေ့ကပြီး ဆေးရုံတင်ခဲ့တယ်။ ဟိုတစ်ရက်နေ့က ဆရာဝန်က စစ်တွေကိုပို့ရမည်လို့ပြောတယ်။ ကျနော်တို့ စစ်တွေပို့ဖိုံ စီစဉ်နေတုန်း ညည့် ၁၂ နင်္ာရီလောက်မှ ဆေးရုံက ဖုန်းဆက်တယ်။ ကလေး တုတ်ကွေးရောဂါနဲ့ ဆုံးသွားပြီလို့ သတင်းပို့ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးကြောင်း နေရပ်စွန့်ခွာထွက်ပြောနေရသော စစ်ဘေးရှောင် ဒုက္ခ ၆ သောင်းခွဲကျော်ရှိပြီး စစ်ဘေးရှောင် ဒုက္ခသည်များအတွက် စားဝတ်နေရေး  အခက်အခဲဖြစ်နေသကဲ့သို့ ကျမ်းမာရေး စောင့်ရှောက်မှု အားနည်းကာ  ဆေးဝါးများလည်း လုံလောက်မှုမရှိဟု သိရသည်။

ဆက်စပ် သတင်းများ