Preview

ဘူးသီးတောင်မြို့တွင် အမျိုးသားတစ်ဦး အသတ်ခံရ

စက်တင်ဘာ ၂၂/ ၂၀၁၉ | ကြည့်ရှုသူ :8719
မှုခင်း သတင်း

မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ စက်တင်ဘာ ၂၂ / ၂၀၁၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယနေ့နံနက်ပိုင်းက အမျိုးသားတစ်ဦးသည် ဓားထိုးခံလိုက်ရ၍ သေဆုံးသွားကြောင်း သိရသည်။

အသတ်ခံလိုက်ရသူမှာ ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာမှ ဘူးသီးတောင်မြို့ပေါ်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်သူ ဦးသိန်းထွန်း (အသက် ၆၀ ကျော်)ဖြစ်သည်။

ကြာညိုပြင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးက "အဲဒါက ဘူးသီးတောင်မှာဖြစ်တာပါ။ အသတ်ခံရတာ မှန်ပါတယ်။ ဘယ်လိုဖြစ်တာလဲ အတိအကျမသိရသေးဘူး"ဟု နိရဥ္စရာကို ပြောသည်။

အသတ်ခံ၇သူသည် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်အစောပိုင်းက ဘူးသီးတောင်မြို့ ၆ ရပ်ကွက်(ခေါ်) မြို့သစ်တောင်ရပ်ကွက်အတွင်းရှိ သူ၏နေအိမ်ခြံဝင်းအတွင်းတွင် ဓားထိုးအသတ်ခံခဲ့၇ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

"သူက ဘူးသီးတောင်ကိုပြောင်းလာပြီး အိမ်ဆောက်တာ ၅ လ၊ ၆ လ လောက်ပဲရှိသေးတယ်ထင်တယ်။ အိမ်ခြံဝင်းထဲမှာ အသတ်ခံလိုက်ရတာလို့ သိ၇ပါတယ်"ဟု ဘူးသီးတောင်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် လက်ရှိတွင် သင်္ကန်းဝတ်နေသည့်အတွက် အဆက်အသွယ်မရခဲ့ပါ။ ရပ်ကွက်စာရေးဆိုသူသည်လည်း လက်ရှိတွင် ခွင့်ယူထားသည်ဟုဆိုကာ အသေးစိတ်ပြောပြနိုင်ခြင်းမရှိပါ။

အသတ်ခံရသူ ဦးသိန်းထွန်းသည် စစ်မှူးထမ်းဟောင်း ဖြစ်ကြောင်းသိ၇သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.