Preview

ကျောက်တော်မြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦး ဓားထိုးခံရ၍ သေဆုံး

စက်တင်ဘာ ၂၂/ ၂၀၁၉ | ကြည့်ရှုသူ :4081
မှုခင်း သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၂ /၂၀၁၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ်ကြီးတစ်ဦး ယနေ့ ဓားထိုးခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောက်တော်မြို့ ဆိပ်ကမ်းတွင် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသော ပြည်တော်သာရပ်ကွက်မှ ရဲတပ်ကြပ်ကြီး ဦးမောင်လှ (အသက်  ၅၀ နှစ်ခန့်) ဖြစ်သည်။

သူသည် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ရ ကျော်အချိန်ခန့်က နေအိမ်မှ အပြင်သို့ထွက်ရာ လမ်းတွင် ဓားထိုးခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း လူမှုရေး ဆောင်ရွက်နေသူ ကျောက်တော်မြို့ဒေသခံ ဦးကျော်လှမြင့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“သူဓားထိုးခံရတဲ့ နေရာနဲ့ သူ့အိမ်က နီးနီးလေးပါပဲ။ ဘယ်သူဘယ်ဝါတော့ ဓါးနဲ့ ထိုးသွားတယ်ဆိုတာ မသိပါဘူး။ မနက် ရ နာရီကျော်လောက်က ဖြစ်တာပေါ့နော်”ဟု ဦးကျော်လှမြင့်က ပြောသည်။

ရဲတပ်ကြပ်ကြီးသည် ဓားထိုးဒဏ်ရာ ၃ ချက်ဖြင့် ကျောက်တော်ဆေးရုံတွင် နံနက် ၈ နာရီခန့်က  သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်လှမြင့်၏ ပြောပြချက်အရ သိ၇သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အတည်ပြုချက် ရယူလို၍ ကျောက်တော်မြို့မ ရဲစခန်းကိုဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပါ။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲမှူးကြီး ကြည်လင်းအား နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံသော်လည်း ၄င်းအနေဖြင့် ဖုန်းထဲမှ ဖြေကြားလိုခြင်းမရှိကြောင်း ပြောကြားသည်။

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။

ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင်သည် ကျောက်တော်မြို့ ဆိပ်ကမ်းအနီးတွင် ဓားထိုးခံခဲ့ရ၍ ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့ရကြောင်း သိ၇သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.