Preview

မအီမြို့ အမှတ်(၁) ရပ်ကွက်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

စက်တင်ဘာ ၂၆/ ၂၀၁၉ | ကြည့်ရှုသူ :10234
မှုခင်း သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၂၆/၂၀၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ယမန်နေ့ ညဉ့်  ၁၂ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် တစ်လုံးမီးလောင်သွားကြောင်း သတင်းရရှိသည်။

မအီမြို့ အမှတ်(၁)ရပ်ကွက် ဗဟိုလမ်းအတွင် နေထိုင်သည့် ဦးမောင်ဖြူဆိုသူ၏ နေအိမ် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မုန့်ဖုတ် လုပ်ငန်း ဆောင်ရွက်ပြီး မီးဖိုမှမီးအား မငြိမ်းသတ်ဘဲ ထားခဲ့ရာမှတဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မအီနယ်မြေခံ မီးသတ်စခန်းမှ တာဝန်ရှိသူ လ/ထ မီးသတ်ဦးစီးမှူး ဦးစိုးကျော်လင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ဖြစ်တာက မုန့်ဖုတ်လုပ်ငန်း ဆောင်ရွက်လို့ ပြီးတော့ မုန့်ဖုတ်တဲ့ဖိုက မီးကိုမငြိမ်းသတ်ခဲ့လို့ ဝါးထရံကို ကူးစက်ပြီးလောင်တာပါ။ တစ်အိမ်လုံး လောင်သွားတာတော့မဟုတ်ဘူး။ နေအိမ်ရဲ့ဓနီးမိုးအဖီ လောင်ကျွမ်းသွားတာပါ။ ပြောရမယ်ဆိုရင် အဲဒီမီးက ပေါ့ဆမီးပေါ့”  ဟု ဦးစိုးကျော်လင်းက ပြောသည်။

ယမန်နေ့ ည ၁၂ နာရီခန့်က တာဝန်သိပြည်သူတစ်ဦးက သတင်းပေးပို့လာပြီး မအီနယ်မြေမီးသတ်စခန်းမှ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၄)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး စုစုပေါင်း (၁၄)ဦးသည် မီးသတ်ကားတစ်စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ည၁၂နာရီ ခွဲခန့်တွင် မီးညွန့်ထိန်းနို်င်ခဲ့ပြီး ညဉ့် ၁ နာရီတွင် အပြီးသတ် ငြိမ်းသတ်နို်င်ခဲ့ကြောင်း  ဦးစိုးကျော်နိုင်က ပြောသည်။

ထိုမီးလောင်ကျွမ်းမှုအတွင်း လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ နေအိမ်၏ အဖီ အလျှာ၁၅ ပေ၊ အနံ ၁၀ပေ လောင်ကျွမ်းခဲ့သည့် အတွက် ဆုံးရှုံးမှုကာလတန်ဖိုးမှာ ၁၀၀၀၀ ကျပ်ခန့် ရှိကြောင်း မအီမီးသတ်ဌာနက ပြောသည်။

လက်ရှိတွင် နေအိမ်ပိုင်ရှင်အား မီးကိုပေါ့ဆစွာသုံးစွဲမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် မအီနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း မအီမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုချက်အရ သိ၇သည်။

ဓာတ်ပုံ - Rakhine Fire Force

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.