Preview

စစ်တွေမြို့၊ရွှေမင်းဂံတွင် မိုးကြိုးပစ်ခံရ၍ လူတစ်ဦးသေဆုံး

စက်တင်ဘာ ၂၉/ ၂၀၁၉ | ကြည့်ရှုသူ :8229
မှုခင်း သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၉/ ၂၀၁၉

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ် ရွှေမင်းဂံကျေးရွာ ချောင်းထဲတွင် ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် အစောကြီးက မိုးကြိုးထိမှန်ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောက်ဖြူမြို့နယ် မင်းချောင်းကျေးရွာနေ ဦးသိန်းရွှေအောင်၏ သား ကိုဇော်မင်းထွန်း(၂၁) နှစ်ဖြစ်ပြီး ယနေ့နံနက် ၂ နာရီခန့်က ရွှေမင်းဂံချောင်းထဲတွင် ရပ်နားထားသော စက်လှေပေါ်တွင် အိပ်ပျော် နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရွှေမင်းဂံကျေးရွာမှ မခင်မာဝင်းက နိရဥ္စရာသို့ ပြောသည်။

“ကျွန်မတို့နဲ့က ဆွေမျိုးအရင်းတွေလို နေကြတာပါ။ သူက အမြဲတမ်းလိုလို စစ်တွေကို ကုန်တင်ဖို့ ရောက်ပါတယ်။ ဒီက ကုန်စုံ ပစ္စည်းတွေကို တင်ပြီး သူ့ရွာကို ယူတာပါ။ ကျွန်မတို့ဆိုင်က မကြာမကြာ ဝယ်ပါတယ်။ သူ မနေ့ကမှ စစ်တွေကို ရောက်တယ်။ ကုန်ပစ္စည်းတွေ တင်ပြီး သူတို့ မောင်းလာတဲ့ လှေပေါ်မှာ အိပ်နေရင်း ခုလိုဖြစ်တာပါ။” ဟု စစ်တွေမြို့နယ် ရွှေမင်းဂံကျေးရွာမှ မခင်မာဝင်းက ပြောသည်။

သေဆုံးသူ ကိုဇော်မင်းထွန်းသည် လှေပေါ်တွင် ၄င်း၏ အဖော် ၃ ဦးနှင့် အိပ်ပျော်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခြင်းဖြစ်ကြောင်း သိ၇သည်။

“သူ အဲဒီလှေရဲ့ ခေါင်မိုးပေါ် တက်အိပ်နေတာပါ။ မိုးကြိုးပစ်လိုက်တော့ အော်လိုက်တယ်။ အဲဒီမှာ လှေရဲ့ အောက်ထပ်မှာ အိပ်နေတဲ့ သူ့ရဲ့ အဖော်တွေက ထကြည့်တော့ သူ့ကို မီးလောင်နေတယ်ပေါ့နော်။ မီးလောင်တော့ လှေရဲ့ ခေါင်မိုးက သူ့ကို ချတယ်။ အောက်ကိုလည်း ရောက်ရော အသက်ဆုံးသွားပါပြီ။ ရွာက လူကြီးတွေနဲ့ ကျွန်မက အလောင်းကို ဆေးရုံကို ယူခဲ့တာပါ။”ဟု မခင်မာဝင်းက ဆက်ပြောသည်။

လက်ရှိတွင် သေဆုံးသူ အလောင်းအား စစ်တွေဆေးရုံကြီးတွင် ခွဲစိတ်မှုများ ပြုလုပ်ရန် ထားရှိကြောင်း သိ၇သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.