Preview

၁၂နှစ်အရွယ် ဒုက္ခသည်မိန်းခလေးကို အဓမ္မပြုကျင့်ဟု ဘင်္ဂလာဒေ့ရှ်စစ်တပ် စွပ်စွဲခံရ

အောက်တိုဘာ ၀၄/ ၂၀၁၉ | ကြည့်ရှုသူ :3161
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ အောက်တိုဘာ ၄/၂၀၁၉

ဘင်္ဂလာဒေ့ရှ်စစ်သားတစ်ဦးက အသက် ၁၂ နှစ်အရွယ် ကော့စ်ဘဇားခရိုင် နာယာပါရာ ဒုက္ခစခန်းမှ မိန်းခလေးတစ်ဦးအား အဓမ္မပြုကျင့်သည့် စွပ်စွဲချက်ထွက်ပေါ်လာပြီးနောက် ၎င်းအမှုကို စစ်ဆေးရန် အမိန့်ထုတ်လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် စစ်တပ်က ပြောသည်။

အသက် ၁၂ နှစ်အရွယ် အတင်းပြုကျင့်ခံရသူ အမျိုးသမီးငယ်၏ အစ်ကိုကြီးဖြစ်သူ Mohammad Osman က “ ဘင်္ဂလာဒေ့ရှ် စစ်သား ၃ ဦးသည် တနင်္ဂနွေနေ့ ညနေပိုင်းက ၎င်းတို့ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ မူဆလင်းဒုက္ခသည်များ နေထိုင်ရာ နာယာပါရာ ဒုက္ခသည်စခန်းမှ တဲအိမ်အတွင်းသို့ ဝင်လာပြီး သူမ၏ ညီမဖြစ်သူအား ဗလက္ကရာ ပြုကျင့်သွားခဲ့သည်” ဟု ပြောဆိုသည်။

သူမအား စစ်သားသုံးဦးထဲမှ တစ်ဦးကို ပါးစပ်ကို တင်းကျပ်စွာပိတ်ပြီး မုဒိမ်းပြုကျင့်ခဲ့သည်ဟု ၎င်းက AFP သို့ ဖုန်းဖြင့် ဒုက္ခသည် စခန်းရှိရာ ခရိုင်မြို့မှ အကြောင်းကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ်စစ်တပ် ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး Abdullah ibn Zaid က ၎င်းတို့မှ အမှုကို စစ်ဆေးနေကြောင်း၊ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ၎င်းဖြစ်ရပ်နှင့် အချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း၊ အကယ်၍ ပြစ်မှုထင်ရှားပါက ပြင်းပြင်းထန်ထန် အရေးအပြစ်ပေးသွားမည်ဟု  ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆရာဝန် Shaheen Abdur Rahman က ၎င်းမိန်းခလေးငယ်အား ကော့စ်ဘဇားခရိုင် ဗဟိုဆေးရုံတွင် ဆေးစစ်ပြီးပြီဖြစ်ကြောင်း၊ သို့သော် တရားရုံး၏ တားမြစ်ချက်အရ တစ်စုံတစ်ရာ မှတ်ချက်ချ ပြောဆိုရန် ငြင်းဆိုသည်။

UNHCR ပြောခွင့်ရသူက ၎င်းတို့အနေဖြင့် ၎င်းအဖြစ်အပျက်ကို စစ်ဆေးနေကြောင်း၊ ၎င်းသတင်းကို ရရှိပါကြောင်း၊ ၎င်းကဲ့သို့ အမှုကိစ္စတွင် တစ်ဦးချင်းစီ ဆေးဘက်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ရရှိရန် အခွင့်အရေးများ လုပ်ထုံး လုပ်နည်းများ အရ ရရှိနိုင်ကြောင်း ပြောကြားသည်။

Source: Bangladesh troops accused of raping Rohingya girl (AFP)

#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.