Preview

ဆယ့်နှစ်ဘီးကားတစ်စီး၊ဝါယာရှော့ခ်ဖြစ်ပြီး အမ်းမြို့အဝင်တွင် မီးလောင်

အောက်တိုဘာ ၀၇/ ၂၀၁၉ | ကြည့်ရှုသူ :8799
မှုခင်း သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၇/ ၂၀၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့အဝင် သရက်တပင်စခန်းအနီးတွင် ယနေ့နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်က ဆယ့်နှစ်ဘီးကား တစ်စီး ဝါယာရှော့ခ် ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားခဲ့သောယာဉ်မှာ ယာဉ်မောင်းဦးစောလင်း မောင်းနှင်လာသော (2C/5272)ယာဉ်ဖြစ်ပြီး မန္တလေးမြို့မှ စစ်တွေမြို့သို့ အချိုရည်ဖာများ တင်ဆောင်လာသောကားဖြစ်ကြောင်း သိ၇သည်။

ထိုသို့ တင်ဆောင်လာရာ အမ်းမြို့အဝင် သရက်တပင်စခန်းအနီး မိုင်တိုင် ၉၆/၁ အရောက်တွင် ဝါယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက နိရဥ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ကို ဖုန်းဆက်လာတော့ ရောက်သွားတဲ့အချိန်မှာ ကားက မီးအတော်စွဲနေပြီ။ တစ်စီးလုံးတော့ လောင်မသွားပါဘူး။ ကားက ပူပြီး ဝါယာရှော့ခ်ဖြစ်လာတာ။ ကားခေါင်းခန်းကနေ လောင်ပြီး နောက်က ခေါင်မိုးကို လောင်တယ်။ ပြီးမှ အချိုရည်ကောဗူးတွေကို လောင်တာပါ” ဟု အမ်းမီးသတ် တပ်ဖွဲ့မှ ဒုဦးစိးဟိန်းမင်းသူက နိရဥ္စရာ သတင်းဌာနအားပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကားအပျက်အစီး ကို ခန့်မှန်းခြေ ကျပ်ငွေ သိန်း ၅၀ နှင့် အချိုရည်ဗူး အပျက်အစီး ကျပ်ငွေ ၂၅ သိန်း  ရှိကြောင်း ၄င်းမှ ဆက်ပြောသည်။

“ကားမှာ မီးသတ်ဆေးဗူး ဆောင်ထားရမှာ ပါမလာပါဘူး။ အမှန်က မီးသတ်ဆေးဗူး ပါလာရင် ဒီလောက် ထိဖြစ်စရာ မရှိပါဘူး။ကားက မီးငြိမ်းသွားပါပြီ။ကားဒရိုင်ဘာကိုတော့ အမ်းမြို့နယ် ရဲစခန်းက ခေါ်သွားပါတယ်” ဟု ပြောသည်။

ယင်းကိစ္စနှင့် ပက်သက်၍ အမ်းမြို့မရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့၏ အတည်ပြုချက်ကို တင်ပြနိုင်ခြင်းမရှိပါ။

(ဓာတ်ပုံ- ကိုပိုင်)

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.