Preview

ဆင်သေပြင်မူဆလင်ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံး

အောက်တိုဘာ ၀၈/ ၂၀၁၉ | ကြည့်ရှုသူ :7364
မှုခင်း သတင်း

နောင်ခိုင်အောင်
နိရဥ္စရာ၊ အောက်တိုဘာ ၈/ ၂၀၁၉
 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင်အုပ်စု၊ ဆင်သေပြင်ကျေးရွာတွင် မူဆလင်တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အသက် (၇၀) အရွယ်ရှိ မာမတ်ဆီးဒီးဖြစ်ပြီး အောက်တိုဘာလ ရ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ပုဇွန်ကန်အတွင်း ငါးရှာနေစဉ် သေနတ်ပစ်ခံရမှုကြောင့် ဦးခေါင်းတွင် ကျည်ဆံထိမှန်၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဆင်သေပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ ငါးရှာသွားနေတဲ့အချိန်မှာ စစ်တပ်က တည့်တည့်ကြည့်ပြီး သေနတ်နဲ့ပစ်တယ်။ ခေါင်းကိုမှန်ပြီးတော့ သေသွားတယ်။ အလောင်းကိုတော့ မြေမြပ်လိုက်ပြီ” ဟု ဆင်သေပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း သေနတ်ပစ်ခံပြီး မူဆလင်အမျိုးသားတစ်ဦး သေဆုံးသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ဆင်သေပြင်ကျေးရွာမှာ စစ်တပ်ရှိတယ်။ အဲဒီဆင်သေပြင်က ဘင်္ဂလီတစ်ယောက်ဦး ငါးရှာနေတဲ့အချိန် စစ်သားက သေနတ်နဲ့ ပစ်လိုက်လို့ သေသွားတယ်လို့ ဆင်သေပြင်ရွာသားတွေက ကျနော့်ကိုဖုန်းဆက်ပြီးပြောတယ်” ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို နေ့လယ် ၁ နာရီ ၅၅ မိနစ်အချိန်ခန့်က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း စက်ပိတ်ထားသည့်အတွက် အဆက်အသွယ်မရရှိခဲ့ပါ။

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.