Preview

စစ်တွေတွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွား

နိုဝင်ဘာ ၂၄/ ၂၀၁၉ | ကြည့်ရှုသူ :7582
မှုခင်း သတင်း

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၄ / ၂၀၁၉

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့ တွင် အသက် ၈ နှစ်ခွဲ အရွယ် ဒုတိယတန်းကျောင်းသူ မိန်းကလေးငယ် တစ်ဦးကို အိမ်နီးနားချင်းတစ်ဦးက အဓမ္မကျူးလွန်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီကျော်က စစ်တွေမြို့ မင်းဂံ(၄)ရက်ကွက် အိမ်အမှတ် စ(၁၈)နေ (ဘ)(…)နှင့် (မိ)(…)တို့၏ သမီး မ(…)အသက် (၈) နှစ်နှင့် ၆ လရှိသည့် မိန်းကလေးငယ်သည် နေအိမ်အတွင်း ရှိနေစဉ် မျက်နှာချင်းဆိုင်အိမ်နေ အောင်လင်းနိုင်(၂၆)နှစ်ဆိုသူက ပွေ့ချီခေါ်ယူသွားပြီး ၄င်း၏ နေအိမ်တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မိန်းကလေးငယ်၏ မိဘများက ပြောသည်။

“ကျွန်မက သားတစ်ယောက် ထောင်ကျနေတာရှိတယ်။ အဲဒါ ကျွန်မက ထောင်ဝင်စာ သွားတွေ့တာ။ အဲဒါ ပြန်ရောက်တော့ ကလေးက ဝရံတာမှာငိုနေတယ်။ အစက ဘာဖြစ်လဲလို့ ကျွန်မတို့က မေးတယ်။ မေးလို့မရဘူး။ နောက် သူ့အစ်မက အတင်းမေးမှ အဲလို ဖြစ်တယ်ဆိုတာသိလိုက်၇တယ်” ဟု မိခင်ဖြစ်သူက ပြောသည်။

အောင်လင်းနိုင်(၂၆)နှစ်သည် ကလေးငယ်အား အဓမ္မပြုကျင့်ပြီး ကျပ်ငွေနှစ်ရာပေးကာ အိမ်တွင် ပြန်မပြောရန်လည်း ပြောဆိုလိုက်သည်ဟု မိခင်ဖြစ်သူက ပြောသည်။

“ကျွန်မက မေးတဲ့ အခါ ကလေးက ဝါးခြမ်းထိုးသွားတယ်လို့ ပြောတယ်။ကလေးက အရမ်းကြောက်နေတယ်။ နောက် ကျွန်မတို့က သူ့သွေးစတွေကို တွေ့တော့။ သေချာ ထပ်မေးတော့ သူ့ကို ပိုက်ဆံနှစ်ရာပေးလိုက်တယ်။ အိမ်ကမေးရင် ဝါးခြမ်းထိုးသွားတယ်လို့ ပြောဖို့ သင်လိုက်တယ်လို့ သိ၇တယ်”ဟု မိခင်ဖြစ်သူက ပြောသည်။

ပြစ်မှုကျူးလွန်သူ အောင်လင်းနိုင်(၂၆)နှစ်ကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်းက ဖမ်းဆီးထားသည်ဟု သိ၇ကြောင်း ၄င်းက ဆက်ပြောသည်။

“အဲဒီလူမှာက မိန်းမက သေသွားပြီ။ ကလေးနှစ်ယောက်ရှိတယ်။ကျွန်မကတော့ ကျွန်မကလေးလိုမျိုး နောက်ထပ် ကလေးတွေကို မဖြစ်စေချင်ဘူး”ဟု ကလေးငယ်၏ မိခင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် အမှတ်(၁)ရဲစခန်းသို့ နိရဥ္စရာသတင်းဌာက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဖုန်းကိုင်ပြီး ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

------------------------------------

Unicode:



နိရဉ်စရာ၊နို၀ငျဘာ ၂၄ / ၂၀၁၉









#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.