Preview

ပဲ့ထိန်းဒုံးဖြင့် တိုက်ခိုက်မှု အတွင်း အမေရိကန် ၈၀ ကျဆုံးဟု အီရန် ထုတ်ပြန်

ဇန်နဝါရီ ၀၈/ ၂၀၂၀ | ကြည့်ရှုသူ :6648
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဇန်နဝါရီ ၈/၂၀၂၀ (နိုင်ငံတကာ)

အီရန်နိုင်ငံက ပဲ့ထိန်း ဒုံးကျည်ဖြင့် အီရတ်နိုင်ငံ အတွင်းရှိ အမေရိကန် အခြေစိုက် စခန်းနှစ်ခုကို တိုက်ခိုက်မှုအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၈၀ သေဆုံးခဲ့ကြောင်း အီရန်အစိုးရပိုင်ရုပ်သံမှ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ အဆင့်မြင့် အရာရှိ တစ်ဦးကို ကိုးကားပြီး သတင်းဖော်ပြသည်။

အီရတ်နိုင်ငံ အနောက်ပိုင်းတွင် အခြေစိုက်ထားတဲ့  AL- Asad (အေယန်အယ်လ်အာဆဒ်) နှင့် Irbil (အားဘီးလ်) လေတပ် အခြေစိုက် စခန်း ၂ ခုကို ပဲ့ထိန်း ဒုံးကျည် ၁၅ စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တစ်လုံးကိုမှ အမေရိကန်တို့  ကြားဖြတ် ဟန့်တားဖျက်ဆီးနိုင်ခြင်း မရှိကြောင်း ၎င်း သတင်းတွင် ဖော်ပြသည်။

၎င်းတိုက်ခိုက်မှုအတွင်း အမေရိကန် စစ်ရဟတ်ယာဉ်များ၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များကို ပြင်းထန်စွာ ပျက်စီးစေခဲ့သည်ဟု ဆိုသည်။

အမေရိကန်က လက်စားချေတိုက်ခိုက်လာပါက ဒေသအတွင်းရှိ အမေရိကန် ပစ်မှတ် ၁၀၀ ခန့်အား တိုက်ခိုက်ရန် ချိန်ရွယ်ထားကြောင်း ပြောဆိုသည်။

ယခု တိုက်ခိုက်မှုကို အမေရိကန်၏တိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ် ဆိုလေမာနီ သေဆုံးမှုအတွက် လက်စားချေတိုက်ခိုက်မှုဟု အီရန်တို့က ထုတ်ဖော်ပြောဆိုထားသည်။


Ref: Reuters
Photo by Timesnownews.com

#စစ်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.