Preview

စစ်တွေမြို့တွင်မီးလောင်မှုဖြစ်ပွား၊ နေအိမ်တစ်လုံးဆုံးရှုံး

ဇန်နဝါရီ ၁၄/ ၂၀၂၀ | ကြည့်ရှုသူ :2128
မှုခင်း သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၁၄/၂၀၂၀

စစ်တွေတွင် ယနေ့ နေအိမ်တစ်လုံးမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းသွားခဲ့သည်ဟု သတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားသည့်နေအိမ်မှာ ကျောင်းကြီးလမ်းရပ်ကွက် လက်သာရွာမှ ဟိန္ဒူလူမျိုး ဦးဆော်ယွေ့(၅၅)နှစ်၏ နေအိမ်ဖြစ်ပြီး လျှပ်စစ်မီးဖိုမှ အပူလွန်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု စစ်တွေမီးသတ်တပ်ဖွဲ့မှ သိ၇သည်။

“ဒီနေ့ မွန်းလွဲ ၂ နာရီ ၅၆ မိနစ်က လောင်တာပါ။ လောင်တာက တစ်အိမ်တည်းလောင်သွားတာ။ လျှပ်စစ်မီးဖိုကနေ အပူလွန်ပြီးလောင်တာပါ” ဟု စစ်တွေမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မီးစတင်လောင်သည်နှင့် ချက်ချင်း စစ်တွေမီးသတ်ဌာနမှ မီးသတ်ကားများဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် ကျပ် ၃ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း အဆိုပါမီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ မီးလောင်တာက ထမင်းပေါင်းအိုးကနေ ဝါယာရှော့ဖြစ်ပြီးလောင်တယ်လို့သိရပါတယ်။ ကျန်တာတော့ ကျနော်တို့လည်းမသိဘူး။ အိမ်ပိုင်ရှင်ကို ရဲစခန်းသို့ခေါ်သွားတာတော့တွေ့ပါတယ်” ဟု လက်သာကျေးရွာသား တစ်ဦးကပြောသည်။

ထိုမီးလောင်မှုဖြစ်စဉ်တွင်လူ နှင့် တရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း၊ မီးစတင်လောင်ကျွမ်းသည့် နေအိမ်ဘေးမှ ဆောက်လက်စ နေအိမ် တိုင်များကိုလည်း ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ရပ်ကွက်သားများက ပြောသည်။

-----------------------

Unicode:










#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.