Preview

ဘူးသီးတောင် ဖုံညိုလိပ်ကျေးရွာ မီးလောင်၊ နေအိမ် ၂ လုံးဆုံးရှုံး

ဖေဖော်ဝါရီ ၁၄/ ၂၀၂၀ | ကြည့်ရှုသူ :8354
မှုခင်း သတင်း

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၄/၂၀၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်မူဆလင်ကျေးရွာ ယနေ့နံနက်အစောကြီး မီလောင်မှုဖြစ်ပွား၍ လူနေအိမ် ၂ လုံးဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။

မီလောင်သွားသည့် နေအိမ်ပိုင်ရှင်များမှာ ဦးနုရ်ကော်မာလ်နှင့် ဦးဂါရူးဘ တို့ဖြစ်ကြောင်း သိ၇သည်။

ယနေ့ နံနက်အစောကြီး ၄ နာရီ ၄၀ ခန့်က လောင်ကျွမ်းသွားခြင်းဖြစ်ပြီး ၄င်းမီးမှာ ပေါ့ဆမီး ဖြစ်ကြောင်း၊ မီးကြွင်းမီးကျန်ကနေ စလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း ကျေးရွာ တာဝန် ရှိသူများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ဖုံညိုလိပ် ဘင်္ဂလီရွာရပ်ကွက် ၅ မှာလောင်တာ။ ပေါ့ဆမီးလို့ပြောပါတယ်။ ပေါ့ဆမီးဆိုရင်တော့ မီးဖိုကနေလောင်တာဖြစ်မယ်။ ပစ္စည်းတွေပါဘာတွေ အားလုံးပါသွားတယ်လို့ပြောပါတယ်။ ဘာမှ လုပ်လို့ မ၇လိုက်ဘူး။ ၂ ဆောင်လုံးပြာကျသွားတယ်” ဟု ဖုံညိုလိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်ကပြောသည်။

နုရ်ကော်မာလ်နေ အိမ်မှစက်တင်လောင်ကျွမ်းခြင်းဖြစ်ပြီး ယင်းသို့မီးလောင်ခြင်းအား ပေါ့ဆမီး မဟုတ်ဘဲ ရှို့မီးသာဖြစ်သည်ဟု အိမ်ပိုင်ရှင်များက ပြောဆိုကြောင်း ကျေးရွာရာအိမ်မှူးက ဆက်ပြောသည်။

“သူတို့ပြောတာက ဘယ်သူတွေ ရှို့တာလဲ မသိဆိုပြီးပြောပါတယ်။ အမှန်ဆိုရင် သူတို့ ပေါ့ဆတာဖြစ်မှာပါ ” ဟု ဦးရော်ဖိတ်က ပြောသည်။

ထိုမီးလောင်မှူးတွင် နေအိမ် ၂ လုံးဆုံးရှုံးသွားပြီး ယင်းမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ တစ်အိမ်လျင် ငါးသောင်းခန့်ရှိကြောင်း၊ လူနှင့်တရိစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း ၄င်းကျေးရွာမှ ရာအိမ်မှူးက ပြောသည်။

ဖုံညိုလိပ် မူဆလင်ကျေးရွာတွင် နေအိမ်စုစုပေါင်း ၁၂၀၀ ရှိပြီး ယခင်ကထိုသို့ မီးလောင်မှု မရှိခဲ့ကြောင်းလည်း ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

--------------------------------

Unicode:











#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.