- Web Master
- ၀၄ မေ ၂၀၂၃
နိရဥ္စရာ၊ မတ် ၂၈/၂ဝ၂ဝ (နိုင်ငံတကာ)
မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (Covid-19) ရောဂါကြောင့် သေဆုံးသူ ၅ ဦးထိ ရှိလာပြီး ရောဂါကူးစက်နေသူမှာ ၄၈ ဦးရှိကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံထုတ် The Daily Star တွင် သတင်းဖော်ပြသည်။
ထို ၄၈ ဦးထဲတွင် ဆရာဝန် နှစ်ဦးပါဝင်သည်ဟု ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံနေရသူ တစ်ဦးမှ အပ ကျန်လူများမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါသည်များကို ကြည်ရှုရန် သွားရောက်ရာမှ ကူးစက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ရောဂါခံစားနေရသူများမှာ အသက် ၂ဝ နှင့် ၆ဝ နှစ် အကြားရှိသည်ဟု သိရသည်။
ရောဂါရရှိနေရာမှ ပြန်လည် ကောင်းလာသူ ၁၁ ဦးရှိသည်ဟုဆိုသည်။
JOHNS HOPKINS CORONAVIRUS RESOURCE CENTER ၏ ထုတ်ပြန်ချက်အရ မတ်လ ၂၇ ရက် ညနေ ၆ နာရီထိ ကမ္ဘာတစ်ခုလုံးတွင် ရောဂါရနေသူ ၅၃၂၆၉၆ ဦးရှိပြီး ပြန်လည် ကောင်းမွန်လာသူ ၁၂၂၆၇၂ ဦးရှိကြောင်း၊ သေဆုံးသူမှာ ၂၄ဝ၇၅ ဦးရှိကြောင်း သိရသည်။
-----------------------
Unicode: