နိရဥ္စရာ၊ မတ် ၂၈/ ၂၀၂၀
ကိုရိုနာဗိုင်းရပ်စ် ရောဂါမှ ကာကွယ်ရန် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်နှင့် ကပ်ရပ်ရှိသော ဘင်္ဂလာဒေ့ရှ် နိုင်ငံ၊ စစ်တကောင်း တောင်တန်းနယ်၊ ရွာတော် (ဘင်ဒရိုဘင်) ခရိုင်မှ တောင်ပေါ်တိုင်းရင်းသား ကျေးရွာ ၂၀ ကို ရွာသားများက ၎င်းတို့၏ ဆန္ဒသဘောထားဖြင့် အဝင်အထွက် ပိတ်လိုက်သည်ဟု သတင်းရရှိသည်။
၎င်းတို့ရွာအဝင်လမ်းများကို ဝါးခြံစည်းရိုးများဖြင့် ဆီးတားပိတ်ဆို့ထားလိုက်ပြီး အိမ်များကိုလည်း ပိတ်ထားကာ ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ထားကြသည်ဟု ဆိုသည်။
မြိုလူမျိုးအကြီးအကဲ Leng Pung က “ ရွာကို Lockdown လုပ် ပိတ်ဆို့ထားချိန်မှာ ရွာထဲကလူကိုလည်း ပြင်ပကို ပေးမထွက်ဘူး။ အပြင်ကလူ ဘယ်သူ့ကိုမှလည်း ရွာထဲကို ပေးမဝင်ဘူး” ဟု ပြောကြားသည်။
Sing Chyang ရွာမှ မြိုလူကြီး တစ်ဦးဖြစ်သူ Menbi ကလည်း “ ယခုလို အရေးပေါ် အခြေအနေမျိုးမှာ ကျွန်တော်တို့ရွာကို တစ်စုံတစ်ယောက်က အကူအညီ ပေးဖို့လာရင်လည်း အဲဒီ အကူအညီ ရိက္ခာတွေကို ခြံစည်းရိုးကာထားတဲ့ ရွာပြင်မှာ ထားခဲ့ရပါမယ်။ သုံးနာရီ ကြာပြီးမှ အဲဒီ ပစ္စည်းတွေကို ရွာသားတွေက သွားယူ၇ပါမယ်” ဟု ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ဖြစ်ပွားနေခြင်းကို သတင်းရပြီး ရွာကို ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်ရန် ယခုလို ခြံစည်းရိုးကာရံပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယခုလုပ်ရပ်က သူတို့ကို ရောဂါကူးစက်ခြင်းမှ ကာကွယ်ပြီး သူတို့၏ အသက်များကို ကယ်တင်နိုင်မည်ဟု မြိုလူမျိုးအကြီးအကဲ Leng Pung က ဆိုသည်။
ယခုလို ရွာကို အဝင်အထွက်ပိတ်ခြင်းသည် ၎င်းတို့၏ ရိုးရာ ဓလေ့ထုံးစံ တစ်ခု ဖြစ်ပြီး ယခုကဲ့သို့ ဖြစ်ပွားနေသော ရောဂါမှ ကာကွယ်ရန် ဖြစ်ကြောင်း၊ ရွာပေါင်း ၂၀ ၏ အဝင်အထွက်ကို အခြေအနေတိုးတက်ကောင်းမွန်လာသည့် အချိန်မှ ပြန်ဖွင့်ပေးသွားမည်ဟု ဆိုသည်။
ဘင်ဒရိုင် (ရွာတော်) ခရိုင် ကောင်စီ ဥက္ကဋ္ဌ ဦးကျော်ရွှေလှက အစိုးရပေးအပ်သည့် ဆန်၊ ပဲနှင့်ဆီတို့ အပါအဝင် ရိက္ခာများကို ယနေ့တွင် ၎င်းလူနည်းစု ကျေးရွာအများအပြားသို့ ကူညီသွားမည်ဟု သတင်းတွင် ဖော်ပြထားသည်။
Ref: Coronavirus: 20 villages of ethnic minorities in Bandarban impose community isolation
---------------
Unicode:
နိရဉ်စရာ၊ မတျ ၂၈/ ၂၀၂၀
Ref: Coronavirus: 20 villages of ethnic minorities in Bandarban impose community isolation