ဘင်္ဂလာဒေ့ရှ်တွင် ယနေ့ကိုရိုနာဖြင့် ၈ ဦးသေဆုံး၊ တစ်နိုင်ငံလုံး သေဆုံးသူ ၂၁၄ ဦးရှိလာ၊ တစ်နေ့တည်း ကူးစက်ခံရသူ ၆၃၆ ဦးရှိ


နိရဥ္စရာ၊ မေ ၉/ ၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ ဒီကနေ့ စနေနေ့ တစ်နေ့တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားသူ ၈ ဦးသေဆုံးပြီး ဒီကနေ့ မေလ ၉ ရက်နေ့ထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူ အရေအတွက်ဟာ ၂၁၄ ဦးရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ စနေနေ့မှာ လူပေါင်း ၆၃၆ ဦးမှာ ရောဂါပိုး ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး ကိုဗစ် ၁၉ ကူးစက်ခံနေရသူဟာ စုစုပေါင်း ၁၃၃၇ဝ ဦးရှိသွားပြီ ဖြစ်တယ်လို့ ဒီကနေ့ ဘင်္ဂလာဒေ့ရှ် The Independent က သတင်းမှာ ဖော်ပြထားပါတယ်။

မနေ့က သောကြာနေ့ တစ်နေ့တည်းမှာ သေဆုံးသူ ၇ ဦးရှိခဲ့ပြီး ၇ဝ၉ ဦးမှာ ရောဂါ ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ဒီကနေ့ထိ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၂၁၂ နိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ခံနေရသူပေါင်း ၄ဝ၁၂၈၃၇ ဦးရှိနေပြီး သေဆုံးသူ အရေအတွက်က ၂၇၆၂၁၆ ဦးရှိပြီလို့ အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။

-----------------

Unicode:


နိရဉ်စရာ၊ မေ ၉/ ၂ဝ၂ဝ





(Photo by Independent)

Share: