Preview

ရသေ့တောင်မြို့ပေါ်တွင် အမျိုးသမီးတစ်ဦးမှ အမျိုးသားတစ်ဦးအား ဓာတ်ဆီသွန်၍ မီးရှို့သတ်ဖြတ်

မေ ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :6259
မှုခင်း သတင်း

အိ်မ်စိုးဖြူ

နိရဥ္စရာ၊ မေ ၁၇ /၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက်တွင် မေလ ၁၆ ရက်နေ့ ည ၁၁ နာရီခန့်က အမျိုးသမီးတစ်ဦးမှ အမျိုးသားတစ်ဦးအား ဓာတ်ဆီသွန်၍ မီးရှို့သတ်ဖြတ်လိုက်ကြောင်းသိ၇သည်။

သေဆုံးသူမှာ အရှေ့တောင်ရပ်ကွက်နေသူ ကိုသန်းစိုး(၃၅)နှစ်ဖြစ်ပြီး တစ်ရပ်ကွက်ထဲနေသူ ဒေါ်ချိုမာရီ(၅၀)နှစ်နှင့် စကားများရန်ဖြစ်ကြရာမှ ဒေါ်ချိုမာရီမှ မီးရှို့လိုက်ခြင်းဖြစ်ကြောင်း အရှေ့တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမျိူးနိုင်က နိရဥ္စရာသတင်းဌာနအားပြောသည်။

“သူတို့နှစ်ယောက်ကအစက မောင်နှမတွေလိုနေတာ။ သူတို့က ရံဖန်ရံခါ စကား များနေကျလို့သိရတယ်။ မနေ့ညက လည်းစကားများရန်ဖြစ်ကြတယ်လို့သိရတယ်။ ချိုမာရီရဲ့သားအကြီး ၁၅ နှစ်သားက သူ့အမေနဲ့ရန်ဖြစ်နေတော့ ဝင်ပါတယ်။ သားဖြစ်သူနဲ့ ရန်ဖြစ်နေတဲ့အချိန်မှာ ဓာတ်ဆီသွန်ပြီး မီးရှို့လိုက်တာ” ဟု ဦးလှမျိုးနိုင်ကပြောသည်။

ဒေါ်ချိုမာရီမှာ သားသမီး ၃ ဦး၏ မိခင်ဖြစ်ကြောင်း သေဆုံးသူနှင့် ရန်ငြိုးရန်စလည်း ရှိကြခြင်းမဟုတ်ကြောင်း ၄င်းကဆက်ပြောသည်။

“မီးရှို့ခံရတဲ့လူကတော့ တကိုယ်လုံးမီးကျွမ်းဒဏ်ရာနဲ့ ဒီနေ့မနက် ရသေ့တောင်ဆေးရုံမှာဆုံးသွားပြီ။ ချိုမာရီနဲ့သူ့သားကိုတော့ ရှာမတွေ့သေးဘူး။ အလောင်းကို သင်္ဂြိုလ်ဖို့လုပ်ထားတယ်” ဟု သူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြင့်က

“အဲဒါက စခန်းမှာ အမှုလာဖွင့်မှ စခန်းက တရားလိုလုပ်မှာလေ။ အခုလောလောဆယ် နယ်ထိန်းအဖွဲ့တွေနဲ့ စခန်းမှူးနဲ့ အဲဒီသတင်းအချက်လက်တွေသွားယူနေတုန်းပါ။ ဖြစ်တာက ဟုတ်ပါတယ်” ဟုပြောသည်။

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူဦးအောင်မြင့်သိန်းကလည်း ဖြစ်စဉ်မှာု ဟုတ်မှန်ကြောင်း အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဆောင်ရွက်လုပ်ကိုင်နေကြောင်း အတည်ပြုပြောကြားသည်။

သေဆုံးသူ၏ မိသားစုဝင်များမှာ အလောင်းအား သင်္ဂြိုလ်နေကြကြကြောင်း သိ၇ပြီး ၄င်းတို့အား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ရန်ကြိုးစားသော်လည်း ဆက်သွယ်မှု မရရှိသေးပါ။


#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.