Preview

၆၅ ရက်ကြာ ပင်လယ်ပြင် ငါးဖမ်းခွင့် ဘင်္ဂလာဒေ့ရှ် အစိုးရပိတ်ပင်

မေ ၂၂/ ၂၀၂၀ | ကြည့်ရှုသူ :2143
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ မေ ၂၂/၂၀၂၀

ငါးသားပေါက်ချိန်ဖြစ်သည့် မိုးဦးကျရာသီတွင် ဘင်္ဂလာပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ကို ၆၅ ရက်ကြာ ဘင်္ဂလာဒေ့ရှ် အစိုးရမှ ပိတ်ပင် တားမြစ်လိုက်သည်ဟု သတင်းရရှိသည်။

သတ်မှတ်ကာလမှာ မေလ ၂၀ ရက်နေ့မှ ဇူလှိုင် ၂၃ ရက်နေ့ထိ ဖြစ်ပြီး ၎င်းပိတ်ပင်မှုကို အကောင်အထည် ဖော်နိုင်ရန် အတွက် ဘင်္ဂလာဒေ့ရှ် ရေလုပ်ငန်းနှင့် မွေးမြူရေး ဝန်ကြီးဌာနမှ လိုအပ်ချက်ဟူသမျှကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန သတိပေးချက်ထုတ်ပြန်သည်။

ဘင်္ဂလာဒေ့ရှ် ရေလုပ်ငန်းနှင့် မွေးမြူရေး ဝန်ကြီးဌာနမှ ၎င်းနှင့် ပတ်သက်ပြီး ကြေငြာချက် ထုတ်ပြန်ကာ ၎င်းကြေငြာချက်ကို ဘင်္ဂလာဒေ့ရှ် ရေတပ်ဌာနချုပ်၊ ပြည်သူ့လုံခြုံရေးဌာန၊ ရေကြောင်းဝန်ကြီးဌာန၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ ရဲတပ်ဖွဲ့ဌာနချုပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့ ဌာနချုပ်၊ အထူးမှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့ (RAB) ဌာနချုပ်၊ ငါးလုပ်ငန်းဌာန၊ မြစ်ကြောင်းရဲတပ်ဖွဲ့၊ တိုင်းကော်မရှင်နာမင်းကြီးများနှင့် ခရိုင် လက်ထောက် ကော်မရှင်နာ ၁၄ ဦးဆီကို ပေးပို့ထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။ 

၎င်းပိတ်ပင်တားမြစ်ချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဘင်္ဂလာဒေ့ရှ် ရေလုပ်ငန်းနှင့် မွေးမြူရေး ဝန်ကြီး SM Rezaul Karim  က ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဘင်္ဂလာဒေ့ရှ် ရေတပ်၊ ရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့၊ RAB နှင့် မြစ်ကြောင်းရဲတပ်ဖွဲ့တို့အား ပူးပေါင်းဆောင်ရွက်ရန် အကူအညီ တောင်းခံထားကြောင်းဖြင့်လည်း သတင်းတွင် ဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံသည် နှစ်စဉ် မိုးဦးကျ ငါးသားပေါက်ကာလတွင် ဘင်္ဂလာပြင်တွင် ငါးဖမ်းခွင့်ကို ပိတ်ပင်တားမြစ်ထားလေ့ရှိကြောင်း သိ၇သည်။  

(65-day ban on fishing in the Bay begins/The Daily Star)


#သဘာဝသယံဇာတ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.