ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကော့စ်ဘဇားဒုက္ခသည်စခန်းတွင် နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၈ဦးထပ်မံတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

နိရဥ္စရာ၊ မေ ၂၃/၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံလာကြသည့် မူဆလင် ဒုက္ခသည် စခန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၈ ဦး ထပ်မံ တွေ့ရှိခဲ့သည်ဟု The Independent တွင် ယနေ့ သတင်းရေးသားဖော်ပြသည်။ 

သောကြာနေ့ တစ်နေ့တည်း စစ်ဆေးမှုတွင် ထိုသို့ ဒုက္ခသည် ၈ ဦးတွင် ကိုရိုနာပိုးထပ်မံတွေ့ရှိခဲ့ရသည်ဟု စခန်းထဲရှိ ဒုက္ခသည် ကူညီထောက်ပံ့ရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ညှိနိုင်းရေးမှူး Dr Abu Toha က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

လက်ရှိ မေလ ၂၃ ရက်နေ့ နံနက်ထိ ဒုက္ခသည်စခန်းတွင် ကိုရိုနာ ရောဂါ ကူးစက်ခံထားရသူ ၂၁ ဦးရှိကြောင်း၊ ၎င်းတို့အားလုံးကို စခန်းထဲရှိ သီးသန့်စင်တာတွင်ထားရှိပြီး ဆေးဝါးကုသပေးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံ မောင်တောမြို့နယ်နှင့် ကပ်ရပ်တည်ရှိသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကောစ်ဘဇားခရိုင်တွင် သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိခဲ့သူ ၃၆ ဦးရှိခဲ့ပြီး ယင်းအထဲမှ ၈ ဦးမှာ ဒုက္ခသည်စခန်းမှ ဖြစ်သည်ဟု ဆိုသည်။ 

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကောစ်ဘဇားခရိုင်တစ်ခုတည်း အတွင်း သောကြာနေ့ထိ ရောဂါကူးစက်ခံထားရသူ ၃ဝ၄ ဦးရှိသွားပြီဟု သိရသည်။ 

ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံလုံးတွင်သေဆုံးသူ ၄၃၂ ဦး ရောဂါကူးစက်ခံရသူ ၃ဝ၂ဝ၅ ဦးရှိသွားပြီဟု သတင်းတွင် ဖော်ပြထားသည်။ 


ဆက်စပ် သတင်းများ