Preview

ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်လူပေါင်း ၂၀ ခန့် သေဆုံးနေ

မေ ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :10022
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ မေ ၂၉/၂၀၂၀

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ် လူပေါင်း ၂၀ ခန့်သေဆုံးနေရာ လွန်ခဲ့သော ၂၄ နာရီ (ယနေ့ သောကြာနေ့) အတွင်း လူပေါင်း ၂၃ ယောက်သေဆုံးခဲ့သည်။ လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  သေဆုံးသူ အရေအတွက်မှာ ၅၈၂ ဦးရှိသွားခဲပြီ ဖြစ်သည်။

၎င်းပြင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၂၅၂၃ ဦးတွင် ကိုရိုနာရောဂါပိုးတွေ့ရှိခဲ့ပြီး လက်ရှိ ရောဂါပိုးတွေ့ရှိသူ ၄၂၈၄၄ ဦးရှိသွားပြီ ဖြစ်သည်ဟု ဆိုသည်။ ပြန်ကောင်းလာသူမှာ ၉၀၁၅ ရှိသည်။

ဘင်္ဂလာဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာ ထုတ်ပြန်ချက်အ၇ သေဆုံးသူများမှာ မေလ ၂၉ ရက်တွင် ၂၃ ဦး၊ မေလ ၂၈ ရက်နေ့တွင် ၁၅ ဦး၊ မေလ ၂၇ ရက်နေ့တွင် ၂၂ ဦးနှင့် မေလ ၂၆ ရက်နေ့က ၂၁ ဦး သေဆုံးခဲ့သည်။  

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မတ်လ ၈ ရက်နေ့တွင် ရောဂါပိုးရှိသူကို စတင် စမ်းသပ်တွေ့ရှိခဲ့ပြီး မတ်လ ၁၈ ရက်နေ့တွင် ၎င်းရောဂါကြောင့် လူစတင်သေဆုံးခဲ့သည်။ 


#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.