နိရဥ္စရာ၊ ဇွန် ၂/ ၂၀၂၀ (နိုင်ငံတကာ)
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တောင်ပိုင်း ခရိုင် ၃ ခုတွင်မြေပြိုမှုကြောင့် လူပေါင်း ၂၀ သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။
အိန္ဒိယ၏ ရှေ့မြောက်ပိုင်းပြည်နယ်တစ်ခု ဖြစ်သော အာသံတွင် မုတ်သုန်မတိုင်မီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ကာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သတင်းများအရ သိ၇သည်။
အာသံပြည်နယ် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၏ တရားဝင် အစီရင်ခံချက်အရ Goalpara၊ Nagaon နှင့် Hojai ခရိုင်သုံးခုအတွင်းရှိ ကျေးရွာပေါင်း ၂၅၃ ရွာတွင် ရေကြီးမှုဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်ဟု သိ၇သည်။
Cachar ခရိုင်၊ Lakhipur ဒေသတွင်မြေပြိုမှုကြောင့်အနည်းဆုံးလူ ရ ယောက်သေဆုံးခဲ့သည်။ နောက်ထပ် ရ ယောက် သေဆုံးပြီး အနည်းဆုံး ကိုးယောက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
အာသံပြည်နယ် Karimganj ခရိုင်တွင်လူ (၆) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ် မီးသတ်ဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
တချိန်တည်းမှာပင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လက်ရှိပြည်နယ်တွင် တနင်္လာနေ့အထိ အနည်းဆုံးလူ ၉ ဦး သေဆုံးခဲ့သည်။
“ လွန်ခဲ့တဲ့ ငါးရက်အတွင်း ခရိုင် ၃ ခုရဲ့ နေရာအသီးသီးမှာလူ ၉ ယောက်သေဆုံးခဲ့ရပါတယ်။ ရေလွှမ်းမိုးမှုကြောင့်လူ ၂ သိန်းလောက်ဟာ ရေလွှမ်းမိုးမှုဒဏ်ကိုခံစားနေကြ၇ပါတယ်” ဟု အာသံပြည်နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန (ASDMA) မှ တာဝန်ရှိသူတ ဦး ကပြောကြားသည်။
အာဏာပိုင်များကပြောကြားရာတွင်မုတ်သုန်မတိုင်မီ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ပြီးခဲ့သည့် အပတ် အစောပိုင်းက မိုးရွာသွန်းမှုကြောင့် အာသံပြည်နယ်၏ ၃၃ ခရိုင် ၁၁ ခုရှိကျေးရွာပေါင်း ၃၂၁ ခုအား ကနဦး၌ရေဘေးဒုက္ခသည် ၃ သိန်းကျော်ထိခိုက်ခံစားခဲ့၇ကြောင်းပြောကြားခဲ့သည်။
အဆိုးရွားဆုံးသောခရိုင်များမှာ Goalpara ၊ Hojai နှင့် Nagaon တို့ ဖြစ်ကြသည်။
၎င်းခရိုင် ၃ ခုတွင်စုစုပေါင်းသီးနှံဧရိယာ ၂၄၉၂၇ ဟက်တာအားရေနစ်မြုပ်ခဲ့ပြီးတာတမံများ၊ လမ်းများ၊ တံတားများ၊ေ ရကြီးမှုကြောင့် အိမ်မွေးတိရိစ္ဆာန် ၄၄,၃၃၁ နှင့်ကြက် ၉၃၅၀ တို့ထိခိုက်ခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့များသည် Goalpara ခရိုင်ရှိ ကယ်ဆယ်ရေးစခန်း ၂၇ ခုနှင့် Hojai ခရိုင် ရှိကယ်ဆယ်ရေး စခန်းမ ၁၈ ခုကို ကယ်ဆယ်ရေးများ ဆောင်ရွက်နေပြီး လူပေါင်း ၇၂၉၉ ယောက်ခိုလှုံနေကြသည်ဟု (ASDMA) မှ ထုတ်ပြန်သော ကြေငြာချက်က ပြောဆိုသည်။
20 dead, several injured in landslides as heavy rains lash Assam
Copyright: The Statesman/ Asia News Network (ANN)