Preview

ဘင်္ဂလာဒေ့ရှ် ကော့စ်ဘဇားခရိုင်ကို နိုင်ငံ၏ပထမဆုံး ကိုဗစ်အနီရောင်ဇုန်အဖြစ်ကြေညာ

ဇွန် ၀၆/ ၂၀၂၀ | ကြည့်ရှုသူ :4561
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဇွန် ၆/၂၀၂၀

ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်နှင့် ကပ်ရပ်တည်ရှိသော ကော့စ်ဘဇားခရိုင်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် အနီရောင်ဇုန် ( Red Zone) အဖြစ် သတ်မှတ် ကြေညာလိုက်သည်။

၎င်းသတ်မှတ်ကြေညာခြင်းသည် ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင်တစ်ခုတည်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂၀ သေဆုံးပြီး လူပေါင်း ၈၉၀ တွင် ကူးစက်ခံ၇ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ သတ်မှတ်ကြေညာရာတွင် မြို့ပေါ် ရပ်ကွက် ၁၀ ခုနှင့် ခရိုင်အတွင်းရှိ နေရာအများအပြားကို ၁၄ ရက်ကြာ လော့ဒေါင်းချလိုက်ကြောင်း ကြေညာသည်။ 

၎င်းကြေညာချက်ကို ကော့စ်ဘဇား လက်ထောက်ကော်မရှင်နာ  Md Kamal Hossain က ကြာသပတေး နေ့လယ်က ထုတ်ပြန်ပြီး သောကြာနေ့ နံနက်မှ စတင်ပြီး ၎င်းအမိန့်သက်ဝင်သည်ဟု ဆိုသည်။ 

၎င်းက သတ်မှတ်ထားသော အနီရောင်ဇုန်အတွင်း မည်သူတစ်ယောက်မှ ဝင်ထွက်သွားလာခွင့် မရှိစေ၇ဟု ဆိုသည်။ ၎င်းနယ်မြေများကို လုံး၀ ပိတ်လိုက်ပြီ ဖြစ်ကြောင်း၊ အစားအစာနှင့်ဆေးဝါးများကို အာဏာပိုင်များမှ ဝင်ငွေနိမ့်ပါးသူများအား ဖြန့်ဝေပေးသွားပေးမည်ဖြစ်ကြောင်း ၎င်းကော်မရှင်နာက  ဆိုသည်။ 

၎င်းသတ်မှတ်ကြေညာလိုက်သဖြင့် ကော့စ်ဘဇားမြို့ပေါ်တွင် တစ်ရပ်ကွက်မှ အစိမ်းရောင်ဇုန် “ Green Zone” မရှိတော့ဟုဆိုသည်။

ကော့စ်ဘဇားခရိုင်အတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မူဆလင်ဒုက္ခသည် စခန်း ၃၄ ခုရှိပြီး လူပေါင်း ၃၀ ကူးစက်ခံထား၇ကာ တစ်ဦးသေဆုံးသွားခဲ့ပြီဟု သတင်းတွင် ဖော်ပြသည်။ 

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ယမန်နေ့ ညနေပိုင်းထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၁၁ ဦး၊ ရောဂါကူးစက်ခံထား၇သူ ၆၀၃၉၁ ဦး၊ ပြန်ကောင်းလာသူ ၁၂၈၀၄ ဦးရှိကြောင်း သိ၇သည်။ 

Source: Coronavirus: Cox’s Bazar declared as country’s first ‘red zone/ Ukhiyanews’


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.