ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

နယူးဇီလန်နိုင်ငံတွင် Coronavirus ဖယ်ရှားလိုက်ပြီး ထိန်းချုပ်မှုများဖယ်ရှားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 370

နိရဥ္စရာ၊ ဇွန် ၈/ ၂ဝ၂ဝ (နိုင်ငံတကာ)


နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကို ဖယ်ရှားလိုက်ပြီး ဇွန် ၉ ရက် မနက်ဖြန်မှ စတင်ပြီး နိုင်ငံအတွင်း ထိန်းချုပ်မှုအားလုံးကို ဖယ်ရှားတော့မည်ဟု ဝန်ကြီးချုပ် Jacinda Arden က တနင်္လာနေ့ ပြောသည်။


ဝန်ကြီးချုပ် အာဒန်က ကိုရိုနာဗိုင်းရပ်စ်ကို ဖယ်ရှားလိုက်ပြီး ဘဝသည် ကန့်သတ်ချက်မရှိ ပြန်လည် စတင်နိုင်မည်ဖြစ်ကြောင်း၊ ကိုရိုနာ ကူးစက်မှုကို ပြည်တွင်းမှ ဖယ်ရှားခဲ့ပြီး နယ်စပ်ထိန်းချုပ်မှုမှ လွဲ၍ ထိန်းချုပ်မှုများအားလုံးကို အင်္ဂါနေ့ကစပြီး ဖယ်ရှားပေးမည်ဟု ပြောကြားသည်။  


ယခုနှစ် ဖေဖော်ဝါရီ နောက်ဆုံး အပတ်က ရောဂါ နယူးဇီလန် နိုင်ငံတွင်းသို့ ကိုရိုနာဗိုင်းရပ်စ် စတင်ရောက်ရှိလာပြီး ယခုအခါ ပထမဆုံးအကြိမ် ရောဂါကူးစက်ခံရသူ တစ်ဦးမှ မရှိတော့ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။


နယူးဇီလန် နိုင်ငံတွင် လူပေါင်း ၁၁၅၄ ဦးကို ကူးစက်ပြီး ၂၂ ဦးသေဆုံးခဲ့သည်။


၇၅ ရက်ကြာကန့်သတ်မှုများပြုလုပ်ခဲ့ရပြီးနောက် နိုင်ငံတွင်း ကိုရိုနာဗိုင်းပ်စ် ကူးစက်မှုကို ဖယ်ရှားနိုင်ခဲ့ပြီး သွားလာခွင့် ထိ်န်းချုပ်မှုများကို ဖယ်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။ 


Source: Reuters 


ဆက်စပ် သတင်းများ