Preview

ကျောက်ဖြူမြို့တွင် လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးနေ

ဇွန် ၂၈/ ၂၀၂၀ | ကြည့်ရှုသူ :4938
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၂၈/ ၂၀၂၀ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ငါးရှာရန်သွားသော ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရေနစ်ပျောက်ဆုံးနေကြောင်း သိရှိ၇သည်။

ပျောက်ဆုံးနေသူမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ဦးကျော်သန်းဦး၏သား မောင်မျိုးလင်းဇော် (၁၈) နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားသော ကျောင်းသားတစ်ဦး ဖြစ်ကြောင်း သိရှိ၇သည်။

ကျောက်ဖြူမြို့မှ မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းထိုက်က “ သူ့က ငါးရှာဖို့ဆိုပြီး သူ့သူငယ်ချင်း နှစ်ယောက်နဲ့အတူ အပျော်အပါးလိုက်သွားတာ။ ရေကူးဖို့တောင် မတတ်ဘူး။ ကျန်တဲ့နှစ်ယောက်ကတော့ ဘာတစ်ခုမှ မဖြစ်ဘူး။ သူတို့ ငါးရှာတဲ့နေရာမှာ ရေဝပ်ဆိုလား။ ဘာဆိုလည်း တစ်ခုရှိတယ်လို့ ပြောတယ်။ တကယ့်ကို ငါးရှာပြီးအသက်မွေးနေရတဲ့ လူတွေဆိုလိုရှိရင် အဲ့ဒီနေရာကို မသွားကြဘူး။ အန္တရာယ်ရှိလို့။ သူတို့က အဲ့နေရာရဲ့အကြောင်းကို မသိလို့သွားတာပါ” ဟု  ပြောသည်။

ငါးရှာစဉ်ရေနစ်မြုပ်သောနေရာမှာ ကျောက်ဖြူမြို့၊ သံဇစ်မြစ်၀၊ ကျောက်ဖြူပင်လယ်ကမ်းခြေစပ်တွင် ဖြစ်ကြောင်း သိရှိ၇သည်။

ပျောက်ဆုံးနေသူအား ယမန်နေ့ညနေ (၅း၄၅)နာရီကနေ ကျောက်ဖြူမြို့မီးသတ်တပ်ဖွဲ့၊ လေး၀တီ ကုလရက္ခိတ ပရဟိတအသင်းနှင့် ရေကြောင်းကျွမ်းကျင်သူ ဒေသခံများပူပေါင်း၍ ရှာဖွေနေသော်လည်း ရှာဖွေ၍ မရရှိသေးကြောင်း နိရဥ္စရာသတင်းဌာနမှ ယနေ့ နံနက် ၈း၃၀ နာရီခန့်က ဆက်သွယ်မေးမြန်းစဉ် မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းထိုက်က ပြောကြားသည်။

(Photo by Par Yar Do)


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.