Preview

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဖြစ်ပွားသည့်နိုင်ငံစာရင်းတွင် ဘင်္ဂလာဒေ့ရှ် အဆင့် ၈ သို့ရောက်ရှိလာ

ဇူလိုင် ၀၅/ ၂၀၂၀ | ကြည့်ရှုသူ :5563
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဇူလိုင် ၅/၂၀၂၀ (နိုင်ငံတကာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာလုံးဆိုင်ရာ အပတ်စဉ် အသစ်ဖြစ်ပွားမှုနှုန်းတိုးပွားလာရာတွင် အဆင့် ၈သို့ ရောက်ရှိလာသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရ ရက်အတွင်း Covid-19 ဖြစ်ပွားမှုအသစ် ၂၆,၅၉၈  ဦးတွေ့ရှိမှုနှင့် အတူ ဘင်္ဂလာဒေ့ရှ် သည်အဆင့် ၈ သို့ ရောက်ရှိလာခြင်းကို WHO Dashboard တွင် နိုင်ငံများ၊ နယ်မြေ ဒေသများနှင့် ဒေသများတွင် ကူးစက်ရောဂါအခြေအနေကို ပြသခဲ့ရာတွင် ဖော်ပြသည်။ 

လွန်ခဲ့သည့် သောကြာနေ့တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Coronavirus ကူးစက်မှုအသစ် ၃၁၁၄ ခုနှင့်ပြီးခဲ့သည့် ၂၄ နာရီအတွင်း သောကြာနေ့ မနက်အထိ ၄၂ ဦး သေဆုံးခဲ့သည်။ 

ဘင်္ဂလာဒေ့ရှ်တွင် သေဆုံးသူ ၁၉၉၇ ဦး ရှိသွားပြီ ဖြစ်ကာ သေဆုံးပြီး ၁၅၉၆၇ ၉ ဦး ပြန်လည်ကောင်းမွန်လာသူ ၇၀၇၂၁ ဦးရှိသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၅ ရက် နံနက် ၈ နာရီအထိ ထုတ်ပြန်ချက်အရ ရောဂါပိုး ၃၁၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲခန်း စစ်ဆေးသူ ၈၁၉ရ၇ ဦး၊ ပြန်လည် သက်သာလာသူ ၂၄၀ ဦးနှင့် စောင့်ကြည့် လူနာ  ၆၀၇၉ ဦးရှိကြောင်း သိ၇သည်။ 

အာရှနိုင်ငံများတွင် သေဆုံးမှု အများဆုံးမှာ အိန္ဒိယ ဖြစ်ပြီး ၁၈၆၅၅ ဦးသေဆုံးခဲ့ကာ ဒုတိယ အများဆုံးမှာ အီရန် ဖြစ်ပြီး သေဆုံးသူ ၁၁၂၆၀  ဦးရှိသည်။ တူ၇ကီတွင် သေဆုံးသူ ၅၁၈၆ ရှိပြီး တရုတ်တွင် ၄၆၅၁ ဦးနှင့် ပါကစ္စတန်တွင် ၄၆၁၉ ဦးရှိသည်။

အမေရိကန်နိုင်ငံတွင် ရောဂါပိုးတွေ့သူ ၂၇၉၄၃၂၁  ဦး ရှိပြီး သေဆုံးသူမှာ ၁၂၉၄၃၄ ဦးရှိကြောင်း သိရသည်။ ဘရာဇီးလ်တွင် ရောဂါပိုးတွေ့သူ ၁၅၃၉၀၈၁ ဦး ရှိပြီး သေဆုံးသူမှာ ၆၃၁၇၄ ဦးရှိကြောင်း၊ မက္ကစီကိုတွင် ရောဂါဖြစ်သူပေါင်း ၂၄၅၂၅၁  ဦးရှိပြီး သေဆုံးသူမှာ ၂၉၈၄၃  ဦးရှိကြောင်း  သိ၇သည်။

ဗြိတိန်တွင် သေဆုံးသူ ၄၄၁၃၁ ဦး၊ အီတလီတွင် သေဆုံးသူ ၃၄၈၃၃ ဦး၊ ပြင်သစ်တွင် ၂၉၈၉၃ ဦး၊ စပိန်တွင် ၂၈၃၈၅ဦးနှင့် ရုရှားတွင် ၉၈၅၉ ဦးရှိကြောင်း European Centre for Disease Prevention and Control တွင် ဖော်ပြထားသည်။ 

တစ်ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ၁၉ ကြောင့် သေဆုံးသူမှာ ၅၂၅၄၉၉  ဦးရှိပြီး ရောဂါ ကူးစက်ခံ၇သူမှာ ၁၁၀၉၂ ၄၂၅ ဦး ရှိကာ  ပြန်လည် ကျန်းမာရေးကောင်းလာသူမှာ ၅၈၉၂ ၀၀၃ ဦး ရှိကြောင်း The Daily Star တွင် ဖော်ပြထားသည်။ 

Ref: https://www.ecdc.europa.eu/en/geographical-distribution-2019-ncov-cases

Ref: Bangladesh now 8th in global weekly increase of Covid-19 cases: WHO


#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.