Preview

ရသေ့တောင်မြို့နယ် လုံးတင်ရွာချောင်းထဲတွင် အမည်မသိ အလောင်းတစ်လောင်းမျော၍တွေ့ရှိ

ဇူလိုင် ၂၄/ ၂၀၂၀ | ကြည့်ရှုသူ :2479
မှုခင်း သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၂၄ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူမြစ်အနောက်ဖက် ၊ လုံးတင်ရွာ ချောင်းကမ်းစပ်တွင် ယနေ့ နေ့လယ် ၂ နာရီကျော်အချိန်ခန့်က အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။

၎င်းအလောင်းမှာ ခွေးတောက်ချောင်း ချောင်းအတိုင်း မျောပါလာပြီး ၃ နာရီကျော်အချိန် ဒီရေကျချိန်တွင် ဒီရေနှင့်အတူ ပြန်လည် မျောပါသွားကြောင်း ကျေးရွာသားများက ပြောသည်။

အမည်မဖော်လိုသော ဒေသခံတစ်ဦးက “ အလောင်းက ပုပ်ပွနေပြီး။  ၃ ရက် ၄ ရက်လောက်တောင်မှ ရှိသွားပြီထင်တယ်။ သူ့ခါးမှာ ကြိုးတစ်ပင်ချည်ပြီးပါတယ်။ လည်ပင်းမှာလည်း ကြိုးနှင့် ချည်ထားတယ်လို့ ယူဆရတယ်။ ကြိုးချည်ဒဏ်ရာ နှစ်ချက်ပါတယ်။ ကြိုးစတွေတော့ မပါတော့ဘူး။ ဝတ်စားထားတာကတော့ ဘောလုံးကန်တဲ့ အားကစား ဘောင်ဘီနဲ့ အင်္ကျီကတော့ လက်ရှည်ဝတ်ထားတယ်။ အလောင်းက မှောက်ခုံဆိုတော့ သူ့အသက်အရွယ် ဘယ်လောက်ရှိမယ်ဆိုတာကို ကျနော်တို့လည်း ခန့်မှန်းလို့ မ၇ဘူး ” ဟု ပြောသည်။

၎င်းအလောင်းမှာ မည်သူ/ မည်ဝါ၏ အလောင်းဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် အနီးအနား ပတ်ဝင်ကျင် ကျေးရွာများတွင်လည်း လူပျောက်ဆုံးမှု မရှိကြောင်း သိရှိ၇သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ၎င်းဖြစ်စဉ်မှာ မှန်ကန်ကြောင်း နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။


#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.