နိရဥ္စရာ၊ ဇူလိုင် ၂၉/၂၀၂၀
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဇူလိုင် ၂၈ ရက်နေ့တွင် ၃၀၀၀ ရှိသွားပြီဟု သိ၇သည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း (ဇူလိုင် ၂၈ရက်) သေဆုံးသူ ၃၅ ဦးရှိခဲ့ပြီးနောက် သေဆုံးသူအရေအတွက်မှာ ၃၀၀၀ ထိ မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။
တစ်နို်င်ငံလုံးအတိုင်းအတာဖြင့်ရောဂါပိုးတွေ့ရှိသူမှာ ၂၂၉၁၈၅ ဦးရှိပြီး ပြန်လည် သက်သာကောင်းမွန်လာသူမှာ ၁၂၇၄၁၄ ဦးရှိကြောင်း ၎င်းနိုင်ငံကျန်းမာရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိ၇သည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံသည် ကိုရိုနာရောဂါ အဆိုးရွားဆုံး ဖြစ်နေသည့် နိုင်ငံများထဲတွင် ကမ္ဘာအဆင့် ၁၆ တွင် ရောက်ရှိနေသည်။