ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အိန္ဒိယနိုင်ငံတွင် Covid-19 ဆေးရုံအဖြစ် အသုံးပြုနေသည့် ဟိုတယ်မီးလောင်၍ လူနာ ၉ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.9k

နိရဥ္စရာ၊ သြဂုတ်၉/၂ဝ၂ဝ (နိုင်ငံတကာ)

တနင်္ဂနွေနေ့ အစောပိုင်းက အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ချ် (Andhra Pradesh)၊ ဗီဂျေရာဝါဒ (Vijayawada) မြို့ရှိ Covid-19 ဆေးရုံအဖြစ် အသုံးပြုထားသည့် ဟိုတယ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနာ ၉ ဦး သေဆုံးကာ အများအပြား ပိတ်မိခဲ့သည်ဟု သတင်းရရှိသည်။

Swarna Palace ဟု အမည်ရှိသည့် ဟိုတယ်ကို  Covid-19 လူနာများအတွက် စောင့်ရှောက်ရေးစင်တာတစ်ခု အဖြစ် လူကြိုက်များသော ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည့် Ramesh က အသုံးပြုထားခြင်း ဖြစ်သည်။

မတော်တဆမှု ဖြစ်ပွားချိန်တွင် Coronavirus ရောဂါလူနာ ၃ဝ ခန့်နှင့်ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁ဝ ဦး ရှိခဲ့သည်။

ဗီဂျေရာဝါဒါမြို့ရဲတပ်ဖွဲ့မှူး B B Srinivasulu က ဟိုတယ်ဆေးရုံအတွင်း မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး မနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် အကြောင်းကြားမှုကို လက်ခံရရှိခဲ့ပြီးနောက် ချက်ချင်း မီးသတ်ကားများကို စေလွှတ်ပြီး မီးကို ငြိမ်းသတ်ထိန်းချုပ်ခဲ့သည်ဟုဆိုသည်။ 

လူနာ ၁၇ ဦး ခန့်ကိုလှေကားများဖြင့်လုံခြုံစွာထုတ်ယူနိုင်ခဲ့ကြောင်း၊  လုံခြုံရေးအစောင့် အပါအဝင် ဝန်ထမ်းနှစ်ဦးသည် မီးလောင်ပြီးနောက် ဟိုတယ်၏ ဒုတိယနှင့် တတိယထပ်များမှ ခုန်ချခဲ့ရကြောင်း ဆိုသည်။ 

ယခုအချိန်အထိအလောင်း ၉ လောင်းကိုထုတ်ယူခဲ့ပြီးအသက်ရှူကျပ်မှုကြောင့်သေဆုံးခဲ့သည်ဟုတွေ့ရှိရသည်။ 

ဟိုတယ်မှ ထွက်သောမီးခိုးများသည် ဧရိယာတစ်ခုလုံး၏ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားပြီး အခန်းတွင်းရှိ လူနာများအား အသက်ရှူကျပ်စေခဲ့သည်ဟုဆိုသည်။ 

မျက်မြင်သက်သေများက ပြောကြားသည်မှာ လူနာများက အပေါ်ထပ်ကြမ်းပြင်ရှိ သူတို့၏ အခန်းများမှ အကူအညီတောင်းခံနေခဲ့ကြသည်ဟု  ပြောဆိုသည်။

တာဝန်ရှိသူများက လျှပ်စစ်ရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး နံနက် ၅ နာရီခန့်တွင် ပထမထပ်မှ မီးတောက်များကို ဝန်ထမ်းများ မြင်တွေ့ခဲ့ရပြီး  မီးမှာ တတိယနှင့် ပဥ္စမထပ်သို့လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ လူနာများသည် ဟိုတယ်၏ တတိယ၊ စတုတ္ထနှင့်ပဥ္စမထပ်တွင်ရှိသည်ဟု သိရသည်။ 

အာဏာပိုင်များသည် လူနာများကိုဘေးကင်းလုံခြုံစွာဖြင့်  Labbipet ဧရိယာရှိ အခြားဟိုတယ်တစ်ခုသို့ ပြောင်းရွှေ့ရန်ကြိုးစားနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။ 


ဆက်စပ် သတင်းများ