Preview

ဘင်္ဂလာဒေ့ရှ်တွင် လွန်ခဲ့သော၂ လအတွင်း ရေကြီးမှုကြောင့် လူ ၂၅၁ ဦး သေဆုံးခဲ့

သြဂုတ် ၂၉/ ၂၀၂၀ | ကြည့်ရှုသူ :10175
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ သြဂုတ် ၂၉/၂၀၂၀ (နိုင်ငံတကာ)

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် နှစ်လအတွင်း ရေကြီးမှုကြောင့် လူ ၂၅၁ ဦးသေဆုံးခဲ့သည်ဟု ကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန၊ အမျိုးသားကျန်းမာရေးအကျပ်အတည်းဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရေလွှမ်းမိုးမှုဒဏ်ကို ခရိုင် ၃၃ ခုတွင် ခံခဲ့၇ပြီး လူပေါင်း ၂၅၁ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

သေဆုံးသူစုစုပေါင်း ၂၅၁ အနက် ၂၁၀ မှာ ရေနစ်သေဆုံးခဲ့ဖြစ်သည်ဟု အစီရင်ခံစာအရသိ၇သည်။

အခြားသူများအနက် ၁၃ ယောက်မှာမိုးကြိုးပစ်ခံ၇၍ သေဆုံးခဲ့ပြီး ၂၅ ဦး သည်မြွေကိုက်ခံရ၍ သေဆုံးခဲ့သည်ဟု ဆိုသည်။ တစ်ဦးမှာ ဝမ်းလျှောခြင်းနှင့် နှစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

အစီရင်ခံစာအ၇လူ ၅၇,၃၀၁ ဦး သည်ဝမ်းရောဂါ၊ အရေပြားရောဂါ၊ မျက်စိရောင်ခြင်းတို့ခံစားရပြီး အများစုသည် ဝမ်းလျှောရောဂါခံစားခဲ့၇သည်ဟုဆိုသည်။

ယခုနှစ်တွင် ခရိုင် ၃၁ ခု၊  မြို့နယ် ၁၅၀ မှ လူပေါင်း ၅ သန်း ကျော်သည် ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရကြောင်း National Disaster Response Coordination Centre ၏နောက်ဆုံးအစီရင်ခံစာအရ သိ၇သည်။

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.