Preview

အိန္ဒိယတွင် တစ်နေ့တည်း ကိုဗစ်ကူးစက်ခံ၇သူ ၉၆,၄၂၄ ရှိပြီး တစ်နိုင်ငံလုံး ကူးစက်ခံ၇သူမှာ ၅ သန်းကျော်သွားပြီ

စက်တင်ဘာ ၁၈/ ၂၀၂၀ | ကြည့်ရှုသူ :7642
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၁၈/၂၀၂၀

ပြီးခဲ့သည့် ၂၄ နာရီအတွင်းအိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ၇သူ ၉၆,၄၂၄ ရှိပြီး တစ်နိုင်ငံလုံးတွင် ကူးစက်ခံ၇သူ ၅ ဒဿမ ၂သန်းအထိရှိသွားခဲ့ပြီဟု အိန္ဒိယဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ သောကြာနေ့တွင် ထုတ်ဖော် ပြောကြားသည်။

သြဂုတ်လအစောပိုင်းမှစ၍ ကမ္ဘာပေါ်တွင် တစ်နေ့တာအမြင့်ဆုံး ကူးစက်ခံ၇မှုဖြစ်သည်။

အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့ထုတ်ပြန်ချက်တွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကြောင့် အိန္ဒိယတွင် လူပေါင်း ၁,၁၇၄ ဦး သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် သေဆုံးသူပေါင်းမှာ  ၈၄,၃၇၂ ဦး ရှိသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄နာရီအတွင်း လူ ၂၂ ဦး သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူမှာ ၄၈၈၁ ဦးရှိသွားပြီဖြစ်သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက်ခံ၇သူ ၁၅၄၁ ဦးရှိပြီး ကူးစက်ခံ၇သူ စုစုပေါင်းမှာ ၃၄၅၈၀၅ ဦးရှိသွားပြီ ဖြစ်သည်။ ပိုးတွေ့၍ ပြန်လည် ကျန်းမာရေး ကောင်းမွန်လာသူမှာ ၂၅၂၃၃၅ ဦးရှိကြောင်းသိ၇သည်။

Sources:
(India's coronavirus cases rise to 5.2 mln, with 96,424 new infections/Reuters)
(Covid-19: 22 die, 1,541 infected, 1,923 recover in 24 hours/ The Daily Star)

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.