Preview

အကြမ်းဖက်တိုက်ခိုက်ရန်စီစဉ်နေသည့် အယ်လ်ကိုင်းဒါးစစ်သွေးကြွ ၉ ဦးကို အိန္ဒိယတွင်ဖမ်းဆီး

စက်တင်ဘာ ၂၀/ ၂၀၂၀ | ကြည့်ရှုသူ :3654
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ စက်တင်ဘာ ၂၀/၂၀၂၀

နယူးဒေလီအပါအဝင်နေရာ အတော်များများတွင် တိုက်ခိုက်မှုများပြုလုပ်ရန်စီစဉ်ထားသော အယ်လ်ကိုင်းဒါး စစ်သွေးကြွ ကိုးဦးအားဖမ်းဆီးမိခဲ့သည်ဟု အိန္ဒိယနိုင်ငံအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က စနေနေ့တွင် ထုတ်ဖော်ပြောကြားသည်။

"ဒီအုပ်စုဟာ အိန္ဒိယမှာရှိတဲ့ အရေးကြီးတဲ့ အဆောက်အအုံတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကျူးလွန်ဖို့ ကြံစည်နေပါတယ်။ အပြစ်မဲ့သူတွေကိုသတ်ဖြတ်ပြီး သူတို့ (ပြည်သူတွေ) စိတ်ထဲမှာ ထိတ်လန့် တုန်လှုပ်သွားအောင် လုပ်ဖို့ စီစဉ်ထားတယ်" ဟု အိန္ဒိယ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများသည် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီအပါအဝင် နေရာများစွာတွင် တိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော် ထားသည်ဟုဆိုသည်။

စစ်သွေးကြွ ၆ ယောက်ကို အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ပြည်နယ်တစ်ခုဖြစ်သော အနောက်ဘင်္ဂလား ပြည်နယ်တွင် ဖမ်းဆီးမိခဲ့ပြီး ကျန် ၃ ဦးကို တောင်ပိုင်းကီရာလာပြည်နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု ဖော်ပြသည်။ ၎င်းတို့တစ်ဦးချင်းသည် ပါကစ္စတန်ကမကထပြုသည့် အယ်လ်ကေးဒါးနှင့် ဆက်နွှယ်မှုရှိသည့် NIA က ဆိုသည်။

ပါကစ္စတန်နိုင်ငံခြားရေးရုံးပြောရေးဆိုခွင့်ရသူက မှတ်ချက်ပေးရန်တောင်းဆိုမှုကိုချက်ချင်းမတုံ့ပြန်ခဲ့ပါ။ ပါကစ္စတန်သည် စစ်သွေးကြွများအား ပစ္စည်းများကို ထောက်ပံ့ပေးနေသည်ဆိုသော စွပ်စွဲချက်ကို မကြာခဏ ငြင်းဆန်လေ့ရှိသည်။

စစ်သွေးကြွကိုးဦးကို ချုပ်နှောင်ထားရန်နှင့် နောက်ထပ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တရားရုံးတွင် ရဲတပ်ဖွဲ့မှ ရုံးတင် တရားစွဲမည်ဟု အေဂျင်စီက ပြောကြားသည်။

Source: India arrests 9 al Qaeda militants planning 'terrorist attacks'

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.