စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်တွင် ကိုဗစ် ၁၉ ကြောင့်သေဆုံးသူ ၅ဝဝဝ ကျော်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.8k

နိရဥ္စရာ၊ စက်တင်ဘာ ၂၄/၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် ၁၉ ကူးစက်ခံရသူ ၂၈ ဦးသေဆုံးခဲ့ပြီး ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့ထိ သေဆုံးသူမှာ ၅ဝ၇၂ ဦးရှိသွားပြီဟု ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကျန်းမာရေးဌာက သတင်းထုတ်ပြန်သည်။

သေဆုံးမှုမှာ ကူးစက်ခံရသူ၏ ၁ ဒဿမ ၄၃ ရာနှုန်းရှိကြောင်းသိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ရောဂါပိုးတွေ့ရှိသူမှာ ၃,၅၅,၃၈၄ ဦးရှိပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရသူမှာ ၁၅၄ဝ ဦးရှိသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပြန်လည်ကောင်းလာသူမှာ ၂၁၃၉ ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါပိုးကင်းစင်သွားသူမှာ ၂၆၅ဝ၉၂ ဦးရှိကာ ယင်းပမာဏမှာ ရောဂါဖြစ်ပွားသူ၏  ၇၄ ဒဿမ ၅၉ ရာခိုင်နှုန်းရှိသည်။

ဆက်စပ် သတင်းများ