ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နယ်စပ်တိုက်ပွဲ အနည်းဆုံး စစ်သား ၁၆ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

နိရဥ္စရာ၊ စက်တင်ဘာ၂၈/၂ဝ၂ဝ (နိုင်ငံတကာ)

တနင်္ဂနွေနေ့က အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား အပြင်းအထန်ဖြစ်ပွားခဲတဲ့ တိုက်ပွဲအတွင်း အနည်းဆုံး စစ်ဘက်အဖွဲ့ဝင် ၁၆ ဦး နဲ့ အရပ်သားအများအပြားသေဆုံးခဲ့တယ်လို့ Reuters က သတင်းဖော်ပြပါတယ်။ ၂ဝ၁၆ ခုနှစ်ကနေ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား ဖြစ်ပွားတဲ့ ပြင်းထန်ဆုံးတိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။

Nagorno-Karabakh နာဂါနိုကာရာဘတ်ခ (အာမေးနီးယား) က ပြောကြားရာမှာတော့ တနင်္ဂနွေနေ့အစောပိုင်းက အဇာဘိုင်ဂျန်လေကြောင်းနဲ့ အမြောက်တပ် တိုက်ခိုက်မှုကြောင့် ၎င်းရဲ့ စစ်သား ၁၆ ယောက်သေဆုံးပြီး ၁ဝဝ ကျော်ဒဏ်ရာရရှိခဲ့သည်ဟုပြောကြားခဲ့ပါတယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့ဒေသဟာအဇာဘိုင်ဂျန်နိုင်ငံထဲမှာရှိတဲ့ နာဂါနိုကာရာဘတ်ခ် ဒေသဖြစ်ပေမယ့် ဒီဒေသဟာ တိုင်းရင်းသား အာမေးနီးယားတွေက အုပ်ချုပ်တဲ့ ဒေသဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတဲ့ ၁၉၉၁ ခုနှစ်တည်းကစတဲ့ ပဋိပက္ခအတွင်း အဇာဘိုင်ဂျန်နိုင်ငံထဲက Nagorno-Karabakh နာဂါနိုကာရာဘတ်ခ် ကုန်းမြင့်မှာနေတဲ့ အာမေးနီးယား တိုင်းရင်းသားတွေက လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။

နာဂါနိုကာရာဘတ်ခ်  (အာမေးနီးယား) ကပြောကြားရာမှာတော့ တနင်္ဂနွေနေ့အစောပိုင်းမှာ အဇာဘိုင်ဂျန် လေကြောင်းနဲ့ အမြောက်တပ် တိုက်ခိုက်မှုကြောင့် ၎င်းရဲ့ စစ်သား ၁၆ ယောက်သေဆုံးပြီး ၁ဝဝ ကျော်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့က စစ်အုပ်ချုပ်ရေးကိုကြေငြာခဲ့ပြီး အမျိုးသားတွေကို စုရုံးမှု လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဇာဘိုင်ဂျန်ကလည်း  စစ်အုပ်ချုပ်ရေးကို ကြေငြာခဲ့ပြီး အာမေးနီးယား ပစ်ခတ်မှုကြောင့် မိသားစုတစ်စုမှ လူငါးဦး သေဆုံးခဲ့ပြီး ၎င်း၏ အင်အားစုများကနေ တုန့်ပြန်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့ပြင် အဇာဘိုင်ဂျန် တပ်ဖွဲ့ဝင်တွေဟာ ရွာ (၇) ရွာထက် မနည်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နာဂါနိုကာရာဘတ်ခ် အာမေးနီးယားတွေက  အစပိုင်းမှာ ရွာ (၇) ရွာဆုံးရှုံးခဲ့ရတာကို ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ နေရာအချို့ ဆုံးရှုံးခဲ့ရတယ်လို့ အသိအမှတ်ပြုခဲ့ ပြောကြားခဲ့ပါတယ်။  

ဒီပဋိပက္ခကြောင့် ကမ္ဘာ့စျေးကွက်သို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေပို့ဆောင်တဲ့ ပိုက်လိုင်းတွေရဲ့ စင်္ကြန်လမ်း ရှိရာ တောင်ပိုင်းကော့ကေးဆပ်ရဲ့ တည်ငြိမ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ပြန်လည်ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ရုရှားကချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခဲ့ပြီး အခြားဒေသတွင်းက အင်အားကြီးနိုင်ငံ တစ်ခုဖြစ်တဲ့ တူရကီအနေနဲ့တော့ အဇာဘိုင်ဂျန်ကို ထောက်ခံမယ်လို့ ပြောကြားခဲ့မှုနဲ့ အတူ ခရစ်ယာန် အာမေးနီးယားနဲ့ အဓိကမွတ်စလင် အဇာဘိုင်ဂျန်တို့ အကြား ဆယ်စုနှစ်များစွာ ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခ အတွင်း တင်းမာမှု အသစ်တွေကို လျှော့ချဖို့ သံတမန်ရေးကြိုးပမ်းမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) က တနင်္ဂနွေနေ့ က ပြောကြားရာမှာတော့ အမေရိကန်အနေနဲ့  ဒီပဋိပက္ခကို အဆုံးသတ်ရန် ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

၁၉၉၄ မှာ နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ပေမယ့် ဒေသတဝန်းနဲ့ အဇာရီအာမေးနီးယန်း နယ်စပ်ရှေ့တန်းတလျှောက် ပစ်ခတ်တိုက်ခိုက်မှုရှိတယ်လို့ အပြန်အလှန် စွပ်စွဲမှုတွေရှိနေပါတယ်။

Source: Armenia-Azerbaijan clashes kill at least 16, undermine regional stability

ဆက်စပ် သတင်းများ