Preview

ကူတို့ပါလောင်ဒုက္ခသည်စခန်းတွင် ပြိုင်ဘက်နှစ်ဖွဲ့ပစ်ခတ်မှုဖြစ်၍ ၂ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ၊ အိမ်ရလုံးမီးရှို့ခံရ

အောက်တိုဘာ ၀၄/ ၂၀၂၀ | ကြည့်ရှုသူ :6462
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၄/၂၀၂၀

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား (ဖလောင်းချိပ်) ခရိုင်၊ အိုကီယားမြို့နယ်ရှိ မြန်မာမှ ထွက်ပြေးသွားသည့် မူဆလင် ဒုက္ခသည်များနေထိုင်ရာ ကူတို့ပါလောင်စခန်းတွင် ပြိုင်ဘက် ဒုစရိုက်ဂိုဏ်း နှစ်ဖွဲ့အကြား ယနေ့ နံနက်က ပစ်ခတ်မှုဖြစ်၍ ၂ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရကာ အိမ်ရလုံးမီးရှို့ခံရကြာင်း သတင်းရရှိသည်။

သေဆုံးသူ နှစ်ဦးမှာ ကူတို့ပါလောင် ဒုက္ခသည်စခန်းမှ အီမန်ရှာရစ် (၃၂) နှစ် နှင့် ချောင်ချူအာလန်(၄၀)နှစ် တို့ဖြစ်ကြသည်။

၎င်းတိုက်ခိုက်မှုမှာ ယနေ့ နံနက် အစောပိုင်းက ပြိုင်ဘက် ဒုစရိုက်ဂိုဏ်း နှစ်ဖွဲ့အကြား နယ်မြေအတွင်း အာဏာထူထောင်ရန် အပြိုင်ကြိုးစားရာမှ ဖြစ်ပွားခြင်းဟု ဒုက္ခသည်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေး အရာရှိ Ms Samsuddoza Nayan မှပြောကြားခဲ့သည်။

အိုကီးယားရဲစခန်းမှတာဝန်ရှိသူ Ahmad Sanjur Morshed သေဆုံးသူ ၂ ဦး၏ အလောင်းကို ကော့ဘဇား ခရိုင်ဆေးရုံသို့ပို့လိုက်သည်ဟုဆိုသည်။ တစ်ခြား ဒဏ်ရာရသူများကို ကော့စ်ဘဇား ခရိုင်ဆေးရုံအပါအဝင် တစ်ခြား အနီးအနား ဆေးရုံများသို့ ပို့ဆောင်သည်ဟု သတင်းရပ်ကွက်များက ဆိုသည်။

၎င်းတိုက်ခိုက်မှုမှာ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်က ကူတို့ပါလောင်း အမှတ် (၂) နှင့် အမှတ်(၃) စခန်းတွင် ဖြစ်ပွားခဲ့သည်ဟု ဒုက္ခသည်များ မှတ်ပုံတင်ဌာန ဥက္ကဋ္ဌ  Hafez Jalal Ahmed ကပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။  


Source: Two Rohingya ‘criminals’ killed in Cox’s Bazar ‘gunfight’

#ဒုက္ခသည်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.