Preview

ဒုက္ခသည်စခန်းတွင်အုပ်စု ၂ခုကြားတိုက်ခိုက်မှု ဘင်္ဂလာဒေ့ရှ်နှစ်ဦးအပါအဝင် ၈ဦးသေဆုံး၊ ၅၀ခန့်ဒဏ်ရာရကာ ဘင်္ဂလာလုံခြုံရေး တပ်ဖွဲ့ဝင်များကို စေလွှတ်

အောက်တိုဘာ ၀၈/ ၂၀၂၀ | ကြည့်ရှုသူ :688
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၈/၂၀၂၀

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကူတူးပါလောင် စခန်းမှာ ရန်ဘက်အုပ်စုနှစ်ခုကြား စခန်းကို လွမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားရာကနေ အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားပြီး ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နှစ်ဦးအပါအဝင် လူ ၈ဦးသေဆုံးပြီး  ၅၀ခန့်ဒဏ်ရာရကာ လက်ရှိမှာတော့ ဒီပဋိပက္ခရပ်တန့်ရေးအတွက် ဘင်္ဂလာဒေ့ရှ် အစိုးရကနေ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို စေလွှတ်လိုက်ရပြီလို့ သိရှိ၇ပါတယ်။

လွန်ခဲ့တဲ့ အင်္ဂါနေ့ ညက အုပ်စု နှစ်ခုကြားတိုက်ခိုက်မှုအတွင်း ဘင်္ဂလာဒေ့ရှ်က မိုက်ကရိုဘတ်စ် (ခ) အန်ဇာတုံးကား ယာဉ်မောင်းသူ နရုလ်ဟူဒါ နဲ့ ကားအကူ အဘူရ်ဘာချာဆိုသူ တို့အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ဟာ တိုက်ခိုက်မှုဖြစ်နေစဉ်မှာ ကူတူးပါလောင် စခန်းကထွက်ပြေးတဲ့ မူနာဘာဟေးနီအဖွဲ့ခေါင်းဆောင်ရဲ့ ညီအစ်ကိုတော်စပ်သူ နှစ်ဦးကို ဘတ်စ်ကားနဲ့ တင်ပြီး ထွက်ပြေးရာမှာ တိုက်ခိုက်ခံ၇ပြီး ၄ ဦး သေဆုံး သွားခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်ထိ ဒီတိုက်ခိုက်မှုအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံသားနှစ်ဦးနဲ့ ဒုက္ခသည်စခန်းက လူ ၆ ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့ပြီလို့ Ukhiya News မှာ သတင်းဖော်ပြပါတယ်။

အုပ်စုနှစ်ခုကြား အပြန်အလှန်တိုက်ခိုက်မှုဟာ ဗုဒ္ဓဟူးနေ့ထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၅၀ ခန့် ဒဏ်ရာ၇ခဲ့တယ်လို့ Dhaka Tribune မှာ သတင်းဖော်ပြပါတယ်။

ဘင်္ဂလာဒေ့ရှ်တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ပဋိပက္ခဟာ အင်္ဂါနေ့ညက လူလေးဦးသေဆုံးပြီနောက်ကျယ်ပြန့်သွားခဲ့ပြီး ဗုဒ္ဓဟူးနေ့ နံနက်မှာတော့ သူတို့အဖွဲ့သား နှစ်ဦး သေဆုံးသွားတာကို မကျေနပ်တဲ့ မူနာအဖွဲ့က အဖွဲ့ဝင်တွေ လာရောက်တိုက်ခိုက်တဲ့ အတွင် အုပ်စုနှစ်ခုကြား အပြန်အလှန် လက်နက်တွေနဲ့ တိုက်ခိုက်ရာကနေ လူတွေထိခိုက်မှု ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

မူနာအုပ်စုနဲ့ အာနက်စ် အုပ်စုဟာ ယာဘားစိတ်ကြွဆေးပြား ဖြန့်ဖြူးရန်နှင့် ၎င်းဧရိယာကို လွှမ်းမိုးရန် ကြိုးစားနေကြရာကနေ ကာလရှည်ကြာစွာ အငြင်းပွားမှုတွေရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၄ ရက်နေ့က စပြီး အုပ်စုနှစ်ခုကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး စခန်းထဲက ဒုက္ခသည်တွေက စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။


#ဒုက္ခသည်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.