Preview

Covid-19 ကာလ၌ ဘင်္ဂလားဒေ့ရှ်တွင် နေ့စဉ်ပျမ်းမျှအမျိုးသမီး၄ ယောက်အဓမ္မပြုကျင့်ခံရ

အောက်တိုဘာ ၀၉/ ၂၀၂၀ | ကြည့်ရှုသူ :1283
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ အောက်တိုဘာ ၉/၂၀၂၀ (နိုင်ငံတကာ)

အသက်ရှုလမ်းကြောင်းဆိုင်ရာ Covid-19 ကပ်ရောဂါ ကာလ၌ ဘင်္ဂလားဒေ့ရှ်တွင် ပျမ်းမျှအားဖြင့် နေ့စဉ် အမျိုးသမီး ၄ ယောက် အဓမ္မပြုကျင့်ခံနေရသည်ဟု Dhaka Tribune သတင်းတွင် ရေးသားဖော်ပြသည်။

အဓမ္မကျင့်ခံ၇ပြီးနောက် အနည်းဆုံးလူ ၂၉ ဦး သေဆုံးခဲ့ပြီး ၅ ဦးမှာ သတ်သေခဲ့သည်ဟု ဆိုသည်။  

ယခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း ဘင်္ဂလာဒေ့ရှ်တွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်မှုဖြစ်စဉ်မှာ ၆၃၂ ခုထိ ဖြစ်ပွားခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်း Ain o Salish Kendra မှ မီဒီယာ အမျိုးမျိုးမှ ထုတ်ပြန်သော စာရင်းများကို ကိုးကား ထုတ်ပြန်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားခဲ့သည့် လွန်ခဲ့သည့် နောက်ဆုံး ၅ လ အတွင်း ပျမ်းမျှအားဖြင့် အမျိုးသမီးလေးဦး သည် နေ့စဉ် မုဒိမ်းပြုကျင့်ခြင်းကို ခံနေ၇သည်ဟု ဆိုသည်။  

ထို့အပြင် တစ်ချိန်တည်းတွင်ပင် မုဒိမ်းမှုကြိုးပမ်းမှု အဖြစ်အပျက် ၁၄၂ ခုဖြစ်ပွားခဲ့သည်။ အနည်းဆုံးလူ ၂၉ ဦး သေဆုံးပြီး ၅ ဦး သည် မုဒိမ်းကျင့်ခံ၇ပြီးနောက် မိမိကိုယ်ကို သတ်သေခဲ့သည်။

မိသားစု၊ လူမှုရေး၊ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရား ယိုယွင်း ပျက်စီးခြင်း အပြင် လူ့အဖွဲ့အစည်းသည်၎င်း၏တာဝန် ဝတ္တရား များကို အပြည့်အ၀ မဖြည့်ဆည်း နိုင်ခြင်းကြောင့် ထိုကဲ့သို့သော ရာဇဝတ်မှုများတိုးများလာနေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် လူတို့သည် အချိန်ကြာမြင့်စွာ အိမ်ထဲတွင် ကန့်သတ်ခံထားရပြီး လူအများအပြားမှာလည်း အလုပ်ပြုတ်ခဲ့၇သည်။

ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေး ၀ န်ကြီး Asaduzzaman Khan Kamal က ဥပဒေစိုးမိုးရေး အေဂျင်စီများက ပြစ်မှု ကျူးလွန်သူတို့ကို အရေးယူမည်ဟု ဤသို့ပြောကြားခဲ့သည်။

(ဓာတ်ပုံ- များမကြာမီက အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို အရေးယူရန် ဒက္ကားမြို့တွင် တောင်းဆို ဆန္ဒုပြနေကြစဉ်)

Source: 4 women raped every day on average in Bangladesh amid Covid-19 pandemic

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.