Preview

ဗီယက်နမ်တွင် ရေကြီး မြေပြို၍ လူပေါင်း ၁၁၄ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေ

အောက်တိုဘာ ၂၂/ ၂၀၂၀ | ကြည့်ရှုသူ :8982
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ အောက်တိုဘာ ၂၂/၂၀၂၀ (နိုင်ငံတကာ)

အောက်တိုဘာလအစောပိုင်းကစပြီး ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ အခြားသဘာ၀ဘေးအန္တရာယ်တွေကြောင့် ဗီယက်နမ်နိုင်ငံမှာ လူပေါင်း ၁၁၄ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေတယ်လို့ နိုင်ငံရဲ့ သဘာ၀ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးနဲ့ ထိန်းချုပ်ရေးဗဟိုကော်မတီက ဒီကနေ့မှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအ၇ သေဆုံးသူ ၁၁၁ ဦးအထက် ရှိခဲ့ပြီး Quang Tri ၊ Thua Thien Hue နဲ့ Quang Nam ပြည်နယ်တွေမှာ  အများဆုံးသေဆုံးခဲ့တယ်လို့ ကော်မတီရဲ့  နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ရ နာရီ ထုတ်ပြန်ချက်အရ  Ha Tinh၊ Quang Binh နဲ့ Quang Tri ဒေသများရှိ အိမ်ခြေ ၅၉,၃၀၀ နီးပါခန့်က လူပေါင်း  ၂၀၆၈၀၀ ခန့်ကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းခဲ့၇ပါတယ်။

ဒါ့ပြင် Ha Tinh နဲ့ Quang Binh ဒေသမှာ အိမ် ၄၆,၈၀၀ ခန့်မှာ ဆက်လက် ရေလွှမ်းမိုးမှုများရှိနေပြီး  ကျွဲနွားတွေနဲ့ အိမ်မွေးတိရိစ္ဆာန် စုစုပေါင်း  ၆၉၁,၁၀၀ ကျော် သေဆုံးမှု ရှိခဲ့တယ်လို့ ကော်မတီက ဆိုပါတယ်။

၎င်းပြင် နောက်ထပ်ရှာဖွေ ကယ်ဆယ်ရေးတွေ ပြုလုပ်နေပြီး  သဘာ၀ဘေးအန္တရာယ် ကျရောက်ပြီး နောက်ပြန်လည်ထူထောင်ရေးနဲ့ ပြည်သူများကို နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းတွေကို  လုပ်ဆောင် နေကြောင်း သိ၇ပါတယ်။

Source: 114 dead, 21 missing in Vietnam floods, landslides

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.