Preview

မြန်မာနယ်စပ်တွင် မြေမြုပ်မိုင်းပေါက်၍ အသက် ၁၃ နှစ်အရွယ် မူဆလင်ဒုက္ခသည်တစ်ဦးသေဆုံး

အောက်တိုဘာ ၂၄/ ၂၀၂၀ | ကြည့်ရှုသူ :10277
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၂၄/၂၀၂၀

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကူတူးပါလောင်မူဆလင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်လူငယ်တစ်ဦးသည် မြန်မာနိုင်ငံထဲတွင် မြေမြုပ်မိုင်းပေါက်ကွဲ၍ ယနေ့နံနက်က သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ မူဟာမတ်ဂျာဘား (၁၃) နှစ်ဖြစ်သည်။ ၎င်းသည် ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်တွင်ရှိသည့် ကူတူးပါလောင်ဒုက္ခသည်စခန်းလင်ဘာချိယာ (Lambashia) မှ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။  

ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်မှူးကြီး Ali Haider က ၎င်းနှင့် အတူ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်ခဲ့သူများကို ကိုးကားပြီး ပြောသည်မှာ ကူတူးပါလောင်ဒုက္ခသည်စခန်းမှာ လူအချို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်က မြန်မာနိုင်ငံထဲသို့ ငါးဖမ်းရန် တရားမဝင် ဝင်ရောက်ခဲ့ကြပြီး ယနေ့ နံနက် အစောကြီး ၂ နာရီခန့်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲသို့ ရဲစူး- အမာတာလီ နယ်စပ်မှ ပြန်ဝင်ရောက်လာစဉ် မိုင်းပေါက်ကွဲပြီး မူဟာမတ်ဂျာဘား (၁၃) နှစ်မှာ ၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ပြောကြားသည်။

၎င်းမြေမြုပ်မိုင်းပေါက်ကွဲသည့် နေရာသည် နယ်စပ်မှ ကိုက်တစ်ရာခန့်  မြန်မာနိုင်ငံတွင်းတွင်ဖြစ်ပြီး နယ်စပ်မိုင်တိုင် အမှတ် (၄၀) အနီးတွင် ဖြစ်ကြောင်း၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်မှ ဆိုလျှင် ခေါင်းတုံးအနီးရှိ ရဲစူး- အမာတာလီ နယ်စပ်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

ယနေ့နံနက် ၉ နာရီက ၎င်းအလောင်းကို အဝတ်ဖုံးအုပ်ပြီး ပခုံးပေါ်ထမ်း၍ လူတချို့ ယူဆောင်လာသည်ကို နယ်ခြားစောင့်တပ်က တွေ့မြင်ပြီး ၎င်းတို့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှ အလောင်းကို တွေ့ရှိသည်ဟု ဆိုသည်။

ယခုအခါ အလောင်းကို ကော့စ်ဘဇားခရိုင်ဆေးရုံသို့ ဆေးစစ်ချက်ယူရန် ပို့လိုက်သည်ဟု သိရှိ၇သည်။

Source: Landmine blast kills Rohingya in Myanmar

#မြေမြုပ်မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.